စာစဉ်(10)အပိုင်း(104)

596 43 0
                                    

Lengends of spring goddness

အပိုင်း(104)  သတ်ပွဲ

အဖွဲ့ကသုံးဖွဲ့ဖြစ‌်နေပြီ

ပြောစရာမလိုအောင် နေလပန်းအတွက်လာကြတာချည်းပဲ

နေလပန်း...

တော်ရုံမပွင်ဘူး နှစ်တစ်သောင်းမှာမှတပင်ပဲပွင့်တယ်
နတ်ဒေဝါအဆင့်တက်ဖို့ဆေးလုံးဖော်စပ်တဲ့နေရာမှာမရှိမဖြစ်အမည်တမျိုးပေါ့

နေလပန်းနေရာမှာအစားထိုးဖို့တခြားပန်းတွေကိုသုံးလို့ရပေမဲ့ အောင်မြင်နိုင်ချေတော်တော်လျှော့ကျသွားတာမို့
လူများကနေလပန်းကိုပဲပိုအာရုံထားကြတယ်

အပူပိုင်းဒေသမှာပေါက်တယ် ဖီးနစ်ကုန်းမြေဆိုတာ နေလပန်းပင်ရှင်သန်ဖို့အကောင်းဆုံးမြေနေရာပေါ့

နေလပန်းနဲ့အတူ အပူကြိုက်တဲ့ နတ်ဒေဝါအဆင့်ရောက်ခါနီးစိတ်ဝိဉာဉ်သားရဲတကောင်လဲရှိနေတယ်

"ဆေးဆိုင်ပိုင်ရှင်ကတော်တော်ညစ်ပတ်တာပဲ မြေပုံတွေအများကြီးလုပ်ထားပြီးရှိသမျှလူတွေကိုလိုက်ရောင်းထားတယ် "

"ဒါသူ့အကွက်ပဲလေ "

ဖုန့်ဟွမ်ရဲ့မကျေမနပ်အပြောကို ကျူးလစ်က ပုံမှန်ပဲတုန့်ပြန်တယ်

ပြီးတော့ သူမရှေ့မှာရှိနေတဲ့ အဖွဲ့နှစ်ဖွဲ့ရဲအခြေအနေကိုပဲကြည့်နေတယ်

အသစ်ပေါ်လာတဲ့ယောကျာ်းလေးအုပ်စုက သူမကိုနှောင့်ယှက်တဲ့အမျိုးသမီးလေးကိုဒီဘက်ကူးမလာရအောင်အလုပ်ပေးနေတယ်

"ကိုယ်က မင်းကိုယ်လုပ်တော်လုပ်ဖို့ဆန္ဒရှိပါတယ်ဆိုတာကို အခုထိလက်မခံသေးဘူး ဘာလို့လဲ"

အမျိုးသမီးလေးက သူမရှိရာဘက်ကိုမေးငေါ့ပြလျှက်

"ဟိုသခင်လေးရဲ့တဝက်လောက်ချောရင‌်တောင် ရှင့်ကိုလက်ခံပေးလို့ရတယ် အခု ကျွန်မမျက်စိထဲမှာတော့ ရှင်ကကုန်းမြေငါးခုလုံးမှာရုပ်အဆိုးဆုံးပဲ "

"..........."

"အိုးးး ကြည့်ရတော့ မင်းဘက်လှည့်လာတော့မဲ့ပုံပဲ "

ကျူးလစ်ကအသာအယာပဲမတ်တပ်ရပ်နေတာ

ဒီသုံးဖွဲ့က ရှေ့လဲမသွားနောက်လဲမသွား ဘယ်သူ့ကိုမှလဲ ပေးမသွား ဘယ်သူကမှလဲညှိဖို့စိတ်ကူးရှိမနေတာကြောင့် ဒီလို လိပ်ခဲတည်းလည်းအခြေအနေမှာပဲရှိနေတယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now