စာစဉ်(11)အပိုင်း(116)

537 35 1
                                    

Lengends of spring goddness

အပိုင်း(116) နွေနှောင်းနတ်ဘုရားပြောပြတဲ့ နွေဉီးနတ်ဘုရားမရဲ့ကပ်ဘေး

သူမ အလေးအနက်နားထောင်နေတာတွေ့လို့ ရှန့်ကွမ်းချိုးယွဲ့ သက်ပြင်းချကာ ဆက်ပြောလာတယ်

"မေ့မေ့ ဒဏ်ရာရလာတဲ့နေ့က စပြီးသတိပြုမိခဲ့တယ် အဲ့နေ့က အပြိင်ကမ္ဘာတခုပျက်စီးသွားခဲ့တယ် ဒဏ်ရာလေးရရုံနဲ့တင်ဒီလိုမျိုးဖြစ်တယ်ဆိုတော့ အဲ့အဖြစ်မှန်ကကောကိုလန့်စေတယ် ဒါကြောင့်ပဲ  ပြန်ပြီးပြင်ဆင်ဖို့နည်းလမ်းတွေအားလုံးကိုရှာခဲ့တယ် တနေ့မှာ ကောတို့တခုခုဖြစ်သွားရင် လူသားတွေပါလိုက်မပျက်စီးပဲ ကျန်ရစ်စေမဲ့နည်းလမ်းပေါ့ ကောနည်းလမး်တခုကိုတွေ့ခဲ့တယ် "

"အဲ့ဒါက ဘာလဲ "

သူမရဲ့အမေးကြောင့် ရှန်ကွမ်းချိုးယွဲ့ကနောက်ထပ်သက်ပြင်းချပြန်တယ်

"အဲ့ဒါက အရမ်းခက်ခဲတယ် နတ်ဘုရား နှစ်ဆယ့်ငါးပါးဆ္ီက ရတနာရယ် ကောတို့အမြွှာနတ်မောင်နှမအပြင် အင်အားကြီး ရေ‌‌မီးလေ နတ်ဘုရားသုံးပါးဆီက ရတနာတွေကိုပေါင်းပြီး ရတနာရကြယ်မြစ်ကြီးထဲမှာ ယဇ်ပူဇော်ဖို့ပဲ ဒါ..."

"ဘုနျးးးးးးး "

‌သူပြောနေလက်စကြီးက ရပ်တန့်သွားလောက်အောင် ကျူးလစ်စိတ်ဆိုးသွားခဲ့တယ်

စားပွဲခုံကို အားရပါးရရိုက်ပစ်လိုက်တာ စားပွဲခုံတောင်နှစ်ပိုင်းကျိုးတယ်

ရှန့်ကွမ်းချိုးယွဲ့လဲ နဲနဲတော့ ထိတ်သွားတာပေါ့ တချိန်လုံး တည်ကြည်ပြီးအေးဆေးတတ်တဲ့သူ့ညီမလေးဟာ ဘယ်လိုလုပ် ဒီလိုအကျင့်ဆိုးတွေတတ်လာပါလိမ့်

"အဓိပ္ပာယ်မရှိလိုက်တာ  ဖန်ဆင်းချင်တိုင်းဖန်ဆင်းထားပြီးမှ  အခုကျ အကုန်လုံးကိုပစ်စလတ်ခတ်သေခိုင်းနေတာမဟုတ်ဘူးလား အဲ့ဒါဆိုလဲ ဒီလောကကြီးကိုဘာလို့ဆက်ထားနေသေးလဲ "

သူမရဲ့ဒေါသက တော်ရုံမဟုတ်ဘူး

ခေတ်သစ်ကမ္ဘာမှာ သူမဘယ်လောက်ထိ ရုန်းကန်ခဲ့ရသလဲ ဘယ်လောက်ခက်ခဲလိုက်သလဲ

အခုကျ အကုန်လုံးကိုသေခိုင်းနေတာမဟုတ်ဘူးလား

"မေ့မေ့ စိတ်လျှော့ပါဦး ကောပြောတာပြီးအောင်နားထောင်ဦး "

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now