124.zgi

185 8 2
                                    

Lengends of spring goddness

အပိုင်း(124 ) ခွဲခွာခြင်းဆိုသောကာလအပိုင်းအခြားသည် (3)

သူမ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့တယ်

အေးစက်ခြင်းထဲမှာ

နွေးထွေးမူ့တစက်မှမရှိတဲ့နေရာမှာ

သူမရဲ့စွမ်းရည်တွေအကုန်ပျောက်ဆုံးသွားခဲ့တယ်

သူမကိုယ်သူမ နက်နက်ရှိုင်းရှိုင်း ဆုံးရှုံးသွားတော့တယ်

ကာလတွေကရွှေ့လျားလာခဲ့တယ်

အထက်ဘုံကလဲ တရားဝင်သတင်းထုတ်ပြန်ခဲ့တယ်

သုံးလောကဟာ ဘယ်လိုအခြေအနေဖြစ်ခဲ့ပြီး နွေဉီးနတ်ဘုရားမက  သူတို့အားလုံးကို ဘယ်လိုကာကွယ်ခဲ့တယ်ဆိုတာကိုပေါ့

အနယ်နယ်အရပ်ရပ်မကျန် ကုန်းမြေတွေအားလုံးမကျန် ချောင်ကြားမြောင်းကြားတွေပါမကျန် အဲ့သတင်းကိုသယ်ဆောင်စေခဲ့တယ်

လူတိုင်းလူတိုင်းကို အဲ့သတင်းကြားစေခဲ့တယ်

ကြားလိုက်ရတဲ့လူတိုင်း သုံးလောကသားတိုင်းက သူမကိုယုံကြည်ကိုးကွယ်လာကြတယ်

မြို့တိုင်း နယ်တိုင်း ကုန်းမြေတိုင်း နယ်စွန်နယ်ဖျားတိုင်းမှာ နွေဦးနတ်ဘုရားမရဲ့နတ်ကွန်းရှိတယ်

အားလုံးက ဆုတခုထဲတောင်းကြတယ်

အဲ့ဒါကတော့ နွေဦးနတ်ဘုရားမပြန်လည်မွေးဖွားလာဖို့ပါပဲ

အဲ့လိုအခြေအနေက နှစ်ပေါင်းအ‌တော်ကြာတဲ့အထိ ဖြစ်ပေါ်နေဆဲပဲ

သေမျိုးလူသားတွေရဲ့မျိုးဆက် နှစ်ဆက်သုံးဆက်

အလယ်ဘုံရဲ့ နှစ်‌ပေါင်းသုံးရာ

အောက်ဘုံရဲ့ နှစ်ပေါင်းငါးရာ

အထက်ဘုံရဲ့နှစ်ပေါင်းတရာကြာတဲ့အထိ အထက်ဘုံက ထူးဆန်းစွာငြိမ်သက်နေခဲ့တယ်

ဘာလှုပ်ရှားမူ့မှမရှိပဲ ဘယ်သူမှမဝင်မထွက်ပဲနဲ့ပေါ့

(A/n... ဒီနေရာမှာ တခုရှင်းပြချင်တာရှိပါတယ် သုံးလောကဟာ တစ်ဘုံနဲ့တစ်ဘုံ အချိန်စီးဆင်းသွားလာပုံဟာမတူပါဘူး အဲ့ဒါကြောင့် ကွာခြားနေရတာပါ)

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now