စာစဉ်(12)အပိုင်း(123)

543 39 3
                                    

Lengends of spring goddness

အပိုင်း(123)ခွဲခွာခြင်းဆိုသောကာလအပိုင်းအခြားသည်(2)

အဲ့နောက်သူမြင်လိုက်ရတာက သူမရော နွယ်ပင်ရော အဲ့သလင်းကြေးမုံထဲကို အပြည့်အဝနစ်မြုတ်သွားတာပဲ

"အားးးးးးးးးးးး မဟုတ်ဘူးးးးးး မဖြစ်ဘူးးးးးး မဖြစ်ဘူးးးးး အားးးးးးး "

"မေ့မေ့ ! ! "

ရှန့်ကွမ်းချိုးယွဲ့ ရင်တခုလုံးအစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သလိုပဲ

သူ့တဘဝလုံး တန်ဖိုးထားခဲ့ရတဲ့ ညီမလေး

သူ့ဘဝတခုလုံးနဲ့ရင်းပြီး ကာကွယ်ပေးချင်ခဲ့တဲ့ညီမလေး

အခုတော့ .....

"အားးးးးးး မေ့....မေ့...... "

ရှန့်ကွမ်းချိူးယွဲ့ သွေးမျက်ရည်က‌ျလောက်အောင်ပြိုလဲသွားခဲ့တယ်

"မေ့မေ့ သူမအဲ့ဒါကို မလုပ်သင့်ဘူး အဲ့လိုမလုပ်သင့်ဘူး "

ရှန့်ကွမ်းချိုးယွဲ့က ကျူးလစ်ရဲ့ အရိုးကွဲကြေရှင်သန်ဆေးသောက်ထားတာ

နဂိုထဲက ခံနိုင်ရည်မရှိတော့တာ အခုတော့ သူရဲ့ကြေကွဲမူ့ကြောင့် ဆေးစွမး်ပိုပြပြီး ပြင်းပြင်းထန်ထန်သက်ရောက်သွားတော့တယ်

လီရွှန်းက အလန့်တကြားနဲ့ ရှန့်ကွမ်းချိုးယွဲ့နားလာခဲ့ပေမဲ့ သူမလဲထိုနည်းလည်းကောင်းပဲ

သူမရဲ့ချစ်သူနားမရောက်သေးခင်မှာတင် မေ့လဲသွားတော့တယ်

သူမကိုကြည့်နေတဲ့ မျက်ရည်အပြည့်နဲ့ရှန့်ကွမ်းချိုးယွဲ့လဲ သိပ်မကြာခင်မှာပဲ သွေးအန်ကာ မေ့လဲသွားတော့တယ်

အလားတူပုံစံ က လူငါးယောက်ဆီမှာဖြစ်လာခဲ့တယ်

ဘေးနားမှာ တည်ငြိမ်စွာရပ်နေတဲ့ကြယ်နတ်ဘုရားကပဲ သူတို့အားလုံးကို သက်ဆိုင်ရာအဆောင်ဆီပြန်ပို့ပေးရတယ်

သလင်းကြေးမုံနားမှာ ဘယ်သူမှမရှိ ရှင်းလင်းသွားပြီး အဲ့ဒါက အထီးကျန်လွန်းတဲ့ပုံရိပ်ကိုပေးစွမ်းလို့နေတယ်

နှစ်ရက်ကြာပြီးတဲ့နောက် နတ်သူငယ်တစ်ယောက်က သတင်းပို့လာခဲ့တယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now