133.zgi

299 5 0
                                    

Lengends of spring goddness

အပိုင်း(133)ဤကဲ့သို့‌ပြည့်စုံသောချစ်ခြင်းတရား(2)

သူမနဲ့သူရုန်းရင်းကန်ရင်း လုံးထွေးမိသွားခဲ့တယ်

သူက သူမရဲ့လက်ကိုအပေါ်မှာစုကိုင်ထားပြီး သူမခါးကိုခွကာ လက်တဖက်နဲ့ကလိထိုးနေတာ

ရုတ်တရက် ကျူးလစ်က သူမရဲ့ခြေထောက်နဲ့သူ့ခြေထောက်ကိုမတော်တဆလှမ်းကန်မိတဲ့အခါမှာတော့ နှစ်ယောက်သားထပ်ရပ်အခြေအနေဖြစ်သွားကြပြီး နမ်းမိသွားကြတော့တယ်

နှုတ်ခမ်းချင်းထိစပ်နေရာမှ နွေးထွေးတဲ့အချစိစီးကြောင်းလေးတခုက သူတို့ကြားထဲပေါ်ပေါက်လာခဲ့တယ်

ဒီလိုအေးချမ်းတဲ့နေ့ရက်ကိုရောက်ဖို့ ဘယ်လောက်ခက်ခဲခဲ့လဲဆိုတာ သူမတို့ပဲသိတယ်

ငိုကြွေးခြင်းတွေ ဝမ်းနည်းခြင်းတွေ အနစ်နာခံခြင်းတွေနဲ့ ပျော်ရွင်ခြင်းတွေ အသက်တွေအထိပါ သူမတို့ပေးဆပ်ထားခဲ့ရတာ

ကျုးလစ် သူမမျက်ဝန်းများကိုမှိတ်လိုက်ပြီး သူ့ကိုဦးဆောင်ခွင့်ပေးထားလိုက်တယ်

ပိုင်ချင်းရဲ့ညင်သာမူ့က သူမတကိုယ်လုံးကိုပုရွက်ဆိတ်လေးတွေတက်နေသလိုခံစားရစေတယ်

သူမရဲ့ဝတ်ရုံကြိုးများကို ‌တထပ်ချင်းဖြေနေတာကိုသူမသိပေမဲ့

တားလဲမတားရဲ တားလဲမတားချင်ခဲ့

သူ့ရဲ့သွယ်လျှတဲ့လက်လေးများရဲ့ဦးတည်ရာကိုသာခံစားမူ့တို့အလုံးစုံပို့လွတ်ထားရင်း သာယာမူ့ကိုသာခံစားလိုက်ရတော့တယ်

ပိုင်ချင်းရဲ့နှုတ်ခမ်းများက သူမနှုတ်ခမ်းများတဆင့် တခြားနေရာများကိုခရီးဆက်နေတယ်

ကျူးလစ်ရဲ့တကိုယ်လုံးပူပြင်းလာတယ်

သူမမီးပုံထဲတိုးဝင်နေရသလိုပူလောင်လာပြီးကူကယ်ရာမဲ့လာခဲ့တယ်

ပိုင်ချင်းရဲ့ထိတွေ့မူ့တိုင်းက သူမကိုရေငတ်စေတယ်

သူမရဲ့ကိုယ်အနှံအပြားမှာ ပန်းတက်တူးလေးတွေ ပေါ်လာခဲ့တယ်

သူမရဲ့တဆောင်လုံး အရောင်စုံ ပန်းပွင့်တွေနဲ့ပြည့်သွားခဲ့တယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now