စာစဉ်(11)အပိုင်း(118)

534 42 13
                                    

Lengends of spring goddness

အပိုင်း(118) သူမရဲ့အကြောက်တရားက

"အရိုးစိတ်ဝိဉာဉ်ကွဲကြေရှင်သန်ဆေး "

ကျူးလစ် သူမရဲ့လက်ထဲက ငွေရောင်တောက်နေတဲ့ ‌ဆေးလုံးသေးသေးလေးကိုကြည့်လိုက်တယ်

အရိုးစိတ်ဝိဉာဉ်ကွဲကြေရှင်သန်ဆေး

ဆေးနာမည်အတိုင်းပဲ

သောက်တဲ့သူက အရိုးတွေကွဲကြေသလိုခံစားရမယ်

စိတ်ဝိဉာဉ်တခုလုံးဆွဲဆုတ်ခံရသလိုခံစားရမယ်

ပြီးရင်သေ‌သွားမှာ

နှစ်ရက်

နှစ်ရက်တိတိသေဆုံးသွားမှာ

အဲ့နောက်တော့ ဖီးနစ်ဌက်လိုမျိုး ပြန်လည်ရှင်သန်လာလိမ့်မယ်

ဆေးတွေအားလုံး ငါးလုံးရတယ်

သူမဆေးပုလင်းလေးနဲ့အသာထုတ်သိမ်းလိုက်ပြီး သူမနယ်မြေထဲမှာ သေချာသိမ်းဖွက်ထားလိုက်တယ်

"ဝုန်းးးး "

သူမ ထမလို့ပဲ‌ရှိသေးတယ်

ဖုန့်ဟွမ်ရဲ့ကိုယ်ကြီးက ပြတင်းပေါက်ကိုခွဲထွက်ပြီးသူမဆီပျံသန်းလာလေတယ်

သူမ ထိတ်လန့်သွားပြီးမှ ကမန်းကတန်း နွယ်ကြိုးကိုဖန်ဆင်းလိုက်ကာ ဖုန့်ဟွမ်ကိုဆွဲယူလိုက်တယ်

"ကျူးး ကျုးးး ပြေးးးး "

တခွန်းနှစ်ခွန်းသာပြောနိုင်ပြီး သတိလစ်သွားတဲ့ဖုန့်ဟွမ်ကို သူမနယ်မြေထဲပစ်ထည့်ထားလိုက်တယ်

နောက်တော့အပြင်ဘက်ကိုပြေးထွက်သွားမိတော့တာပဲ

"နတ်ဘုရားအဆင့်တဲ့လား ကော !  နောက်ဆုံးတော့ မေ့မေ့ကိုသတ်ပစ်ဖို့တကယ်ဆုံးဖြတ်လိုက်တာပဲ "

သူမအကိုအတွက် သူမနေထိုင်နေတဲ့နေရာမှာ သူမသေသွားလဲ သိပ်ပြီးအရေးမလုပ်တဲ့ပုံပဲ

ဘာလို့လဲဆိုတော့ ဒီမှာသေသွားမှ အထက်ဘုံကိုပြန်ခေါ်သွားလို့ရမှာကိုး

အစတုန်းကတော့ ကျူးလစ်ကိုသတ်ပြီး ကွဲကွာနေတဲ့ဝိဉာဉ်သုံးခုကိုသာ ယူဆောင်သွားချင်တာ

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now