112.zgi

283 7 0
                                    

Lengends of spring goddness

အပိုင်း(112) မိကျောင်းပေါက်လေးများကိုကုသပေးခြင်း

"ကယ်ပေးပါ သူတို့ကိုကယ်တင်ပေးပါနော် "

"ကောင်းပြီ ဒါပေမဲ့ ငါ့ရဲ့အပေါင်းအဖော်တစ်ယောက်ကအပြင်မှာကျန်ခဲ့တယ် သူ့ကိုလဲဒီအထဲခေါ်လာပေးမှရမယ် မဟုတ်ရင် ငါရဲ့အန္တရယ်ကိုဘယ်လိုရှောင်ရှားလို့ရမှာလဲ "

တကယ် အခန့်မသင့်လို့ ကျူးလစ်တိုက်ခိုက်ရမယ်ဆိုရင် ဖုန့်ဟွမ်ရှိနေတာက သူမကိုပိုပြီးအကူအညီဖြစ်ပါလိမ့်မယ်

သားရဲကြီးက သူမကိုလေ့လာစမ်းစစ်လိုက်တယ်

ဒါပေမဲ့လဲ သူဘာမှမတတ်နိုင်ဘူးလေ

ဒီသားရဲဉလေး‌တွေအသက်ရှင်လာဖို့အတွက် အသက်ကိုတောင်‌လိုလိုလားလားစွန့်လွှတ်ဖို့ဆန္ဒရှိတာမို့ တချက်စဉ်းစားလိုက်ပြီး သဘောတူညီချက်ယူလိုက်တယ်

သားရဲကြီးအပြင်ထွက်ဖို့လုပ်လိုက်တာနဲ့ ကျုးလစ်ကလဲ ဆေးပင်တွေသွားခူးဖို့ပြင်‌ဆင်နေပါတယ်

သားရဲကြီးပြောသလောက်တော့ ဒီသစ်တောကို အနန္တအဆုံးမဲ့သစ်တောလို့ခေါ်တယ်တဲ့

ပြန်လမ်းမရှိ အဆုံးမရှိလို့ အဲ့လိုခေါ်တာဖြစ်လိမ့်မယ်လို့ကျုးလစ်တွက်ဆမိတယ်

ဥတွေကို ရေတံခွန်ထဲကထုတ်လာပြီး နေရောင်ခြည်ရအောင် နဲနဲအနွေးဓာတ်ပေးတယ် စမ်းသပ်မူ့တွေလုပ်တယ်

မိကျောင်းလေးတွေက ပေါက်မဲ့အချိန်ကျော်နေကြတာ တနှစ်လောက်ရှိ‌နေကြပါပြီ

ဒါပေမဲ့ ဒီဥငါးဥကတော့ခေါင်းမာစွာနဲ့ အရှူံးပေးဖို့ကိုငြင်းဆန်နေကြဆဲပါပဲ

သူမ ဥလေးတွေကို အရိပ်ထဲပြန်ရွေ့ပြီးနောက် မလှမ်းမကမ်းမှာထိုင်ကာ ဆေးမီးဖိုထုတ်ကာ ဆေးစတင်ဖော်လိုက်တယ်

နေလပန်းကို ဆွတ်ယူဖို့က အချိန်မတန်သေးဘူး

အခုသူမဖော်တဲ့ဆေးတွေထဲမှာလဲ နေလပန်းမလိုသေးဘူး

ဒါကြောင့် စိတ်ငြိမ် အေးဆေးစွာနဲ့ သူမ ဆေးဖော်တဲ့နေရာမှာပဲအာရုံစိုက်ထားလိုက်တယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now