စာစဉ်(11)အပိုင်း(114)

523 44 7
                                    

Lengends of spring goddness

အပိုင်း(114) နေလဆေးရပြီ

ကျုးလစ်တို့ အဲ့သားရဲဂူထဲကပြန်ထွက်လာလေတော့ မိကျောင်းပေါက်လေးတွေဟာ မခွဲနိုင်မခွာရက်နဲ့အော်မြည်နေကြတယ်

ကျုးလစ်ကလဲ နဂိုထဲက တိရစ္ဆာန်တွေကိုချစ်တတ်တဲ့သူဖြစ်လေတော့ ပိုလို့ဆိုးသွားတော့တာပေါ့

အဲ့တော့ ဖုန့်ဟွမ်နဲ့ သားရဲကြီးကပဲလူစုခွဲပေးရတော့တယ်

သူတို့တောင်အောက်ရောက်တော့ တော်တော်နေလင့်နေပြီ

ဖီးနစ်နန်းတော်ကိုတိုက်ရိုက်ပြန်သွားဖို့လုပ်လိုက်ပေမဲ့ မမျော်လင့်တဲ့ကိစ္စတခုပေါ်လာခဲ့တယ်

"သခင်လေး"

ကျုးလစ်မသိတဲ့အမျိုးသမီးနှစ်ယောက်က သူမတို့သွားမဲ့လမ်းကိုပိတ်ထားကြလေရဲ့

စိမ်းနုရောင်ဝတ်ထားတဲ့မိန်းကလေးနဲမိုးပြာရောင်ဝတ်ထားတဲ့မိန်းကလေး

နှစ်ယောက်ဟာ သူမတို့ကို မျက်နှာထားနီရဲစွာနဲ့ ကြည့်နေကြတယ်

"........."

ကျုးလစ် အဲ့အကြည့်ကိုမြင်တော့ မျက်လုံးပြူးသွားရတယ်

ကြက်သီးလဲထသွားတယ်

တခုခုစားလိုက်ရလို့ အီသွားရတဲ့ခံစားချက်မျိုးပဲ

"သခင်လေးကိုစောင့်နေတာကြာပါပြီ "

အစိမ်းနုရောင်ဝတ်ထားတဲ့မိန်းကလေးက သူမကို ရုတ်တရက်ကြီး ဦးညွတ်လာခဲ့တယ်

"အာ ဒီကမိန်းကလေးတို့က! "

ကျူးလစ် မျက်မှောက်ကြုံပြီး မေးလိုက်တယ်

"ဆေးဂိုဏ်းက ယဲ့ဖေး အသက်သခင်ကိုဂါရဝပြုပါတယ် လက်ခံပေးပါ"

"အသက်သခင် ?"

"ဟုတ်ပါတယ် သခင်လေးတို့ကို ဖေဖေက ဆေးဂိုဏ်းကိုလာလည်ဖို့ဖိတ်လိုက်ပါတယ် "

" ......."

ကျုးလစ် နှာခေါင်းကိုပွတ်မိသွားတယ်

သူမအကျိုးလိုလို့ ဖယ်ထုတ်လိုက်တာကို အလေးအနက်ကြီးကျေးဇူးတင်စကားလာပြောနေတော့ သူမတောင်အားနာလာမိတယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now