စာစဉ်(12)အပိုင်း(129)

518 41 5
                                    

Lengends of spring goddness

အပိုင်း(129) ပြန်လည်ဆုံတွေ့ကြတဲ့အခိုက်အတန့်(2)

ရှန့်ကွမ်းချိုးယွဲ့သွေးအန်ရပါပြီ

ဒါပေမဲ့လဲ သူတို့အလျှော့မပေးခဲ့ကြဘူး

နောက်တော့ ရှန့်ကွမ်းချိုးယွဲ့နဲ့အတူပြန်ပါလာကြတဲ့ ‌သုံးယောက်သားရော ကျန်နေခဲ့ကြတဲ့တစ်ယောက်ပါပေါင်းလာပြီး အားလုံးဟာမာန်သွင်းလိုက်ကြပြီးသူမရဲ့ဆွဲယူမူ့ကိုအဆင်ပြေစေခဲ့ကြပါတယ်

သလင်းကြေးမုံက ပိုလို့ရှုပ်ထွေးလာတဲ့ပုံပါပဲ

သူတို့သေတော့မယ်လို့ခံစားလိုက်ရတဲ့အချိန်မှာပဲ သလင်းကြေးမုံဆ္ီက တွန်းကန်အားတခုထွက်လာပြီး သူတို့အားလုံးကိုအဝေးရောက်သွားစေခဲ့ပါတယ်

နောက်တော့ အဲ့သလင်းကြေးမုံက ခွပ်ခနဲကွဲအက်သွားခဲ့ပါတော့တယ်

"မဟုတ်ဘူးးးးး"

အားလုံးပြိုင်တူအော်မိကြတာပါပဲ

‌ဟွားဟွားကအထဲမှာရှိတာမို့အဲ့သလင်းကြေးမုံသာပျက်စီးသွားရင် သူမပြန်ထွက်လာလို့ရပါ့မလား

အားလုံး စိတ်ပူသွားကြပြီး အဲ့သလင်းကြေးမုံနားကို‌အရောက်ပြေးသွားကြတယ်

"အာ "

"အဲ့ဒါကပျက်စီးသွားပြီ"

"သူမဘာဖြစ်သွားမှာလဲ "

"ကျူးကျူး?"

"ဟမ်"

"အယ် "

တစ်ယောက်တစ်မျိုး စိတ်ပူ‌ပန်နေကြတာပါပဲ

ရှန့်ကွမ်းချိုးယွဲ့ဆိုရင် မျက်နှာဖြူဖျော့လို့

ရေနတ်ဘုရားကလဲသိပ်အခြေအနေမကောင်း မျက်နှာကြီးကမဲပုတ်လို့နေတယ်

ဖုန့်ဟွမ်ကတော့ မျက်မှောင်ကြီးကြုတ်ပြီး ဒီအခြေအနေကို ဘယ်လိုလုပ်ရမလဲမသိတော့တဲ့ပုံဖြစ်နေပါတယ်

"မယုံဘူး ဒီအတိုင်းကျဆုံးသွားမယ်ဆိုတာ သူမကိုလက်လွတ်လိုက်ရလိမ့်မယ်လို့လုံးဝမယုံဘူး "

မျက်နှာကိုလက်နဲ့ပွတ်သပ်ရင်း ရှန့်ကွမ်းချိုးယွဲ့အော်လိုက်ပါတယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now