စာစဉ်(12)အပိုင်း(126)

505 39 2
                                    

Lengends of spring goddness

အပိုင်း(126) လီရွှန်းဆိုသည်မှာ

ရှန့်ကွမ်းချိုးယွဲ့ သူ့မျက်စိကိုတောင် သူမယုံနိုင်ဖြစ်ရတယ်

"ဘာကြောင့်များ မင်း ! ရွှန်းးအာ....ဘာကြောင့်များ ဒီလိုလုပ်ရက်တာလဲ "

ရှန့်ကွမ်းချိုးယွဲ့ သူမကိုစိုက်ကြည့်နေမိတယ်

အမုန်းတရားမပါ အံဩခြင်းများစွာနဲ့သာ

သူယုံကြည်ထားတဲ့သူက သူမထင်မှတ်ထားတဲ့သူက သူ့အပေါ်ဒီလိုလုပ်လာမယ်လို့လုံးဝကိုမထင်ထားတာ

"ပြော"

"အကြောင်းပြချက်ပေး "

အကြောင်းတခုခုတော့ရှိမှာပဲ

မဟုတ်ဘူးလား

သူ့ရင်ကိုစုန်ကန်ပြိး စွန့်ပစ်သွားဖို့ရွှေးချယ်သွားတာ လု‌ံလောက်တဲ့အကြောင်းပြချက်တော့ရှိရမှာပဲလေ

"ပြော ! ! မင်းဘာကြောင့်ဒီလိုစွန့်ပစ်ဖို့ရွှေးချယ်သွားတာလဲ ကိုယ့်ကိုဘာလို့ ဒီလိုလုပ်ရတာလဲ "

လီရွှန်းမျက်ဝန်းများထဲမှာ ရှိနေတဲ့သူ့အတွက်ချစ်ခြင်းတွေက ဒီအတိုင်းရှိနေဆဲပဲ

သူ့ကိုစွန့်ပစ်တယ်တဲ့လား ဘယ်သူကယုံမှာလဲ

သူစိတ်ပျော့ညံ့သွားပြီး နတ်ဓားကိုချလိုက်တော့မဲ့အချိန်မှာပဲ သူမဆီကအေးစက်တဲ့စကားတွေက တာကျိုးသလိုထွက်လာခဲ့တော့တယ်

"ရှင့်မှာ ကျွန်မတစ်ယောက်ထဲရှိတာမှမဟုတ်တာ ဟွားဟွားဆိုတဲ့ရှင့်ညီမတစ်ယောက်လဲရှိသေးတယ်လေ မေ့နေတာလား"

သူမ ဘာပြောချင်တာလဲ

သူ နားမလည်ဘူး

"ဒါပေမဲ့ မင်းနဲ့မေ့မေ့က သူငယ်ချင်းတွေလေကွာ"

သူပြောလိုက်တဲ့စကားမှာ သူမကမဲ့ရွဲ့သွားလေတယ်

"ကျွန်မရှင့်ကိုချစ်လို့ ဟွားဟွားကိုသူငယ်ချင်းအဖြစ်အရင်ချဉ်းကပ်ခဲ့တာ အခုကျွန်မ အဲ့ဒါကိုအရမ်းနောင်တရတယ်ရှင့်ကိုဘာလို့ချစ်ခဲ့မိပြီးဘာလို့အရမ်းသီးခံပေးခဲ့လဲဆိုတာတကယ်မတွေးတတ်တော့ဘူး "

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now