132.zgi

178 6 0
                                    

Lengends of spring goddness

အပိုင်း(132) ဤကဲ့သို့ပြည့်စုံသောချစ်ခြင်းတရား

ကျုးလစ်သက်ပြင်းချလိုက်တယ်

ပြီးတော့ သူ့ကိုမှီရက်ပဲ ပျော့ခွေသွားခဲ့လေရဲ့

"ဟွားဟွား ! ! "

ပိုင်ချင်းတစ်ယောက် လန့်ဖြန့်သွားခဲ့တာမို့ သူမကိုပွေ့ပြီး နွေဦးနတ်ဘုရားအဆောင်ဆီကိုပျံသန်းသွားတယ်

အဲ့နောက် ရှန့်ကွမ်းချိုးယွဲ့ကိုနတ်သူငယ်တစ်ယောက်ကိုအခေါ်လွတ်စေတယ်

"ဘာမှမဖြစ်ဘူး အခုမှနိုးထလာစကို နှလုံးသွေးအများကြီး
ဆုံးရှုံးလိုက်ရလို့ပင်ပန်းသွားတာ ရက်အနဲငယ်လောက်အနားယူခိုင်းလိုက် "

ရှန့်ကွမ်းချိုးယွဲ့က ပိုင်ချင်းကိုပြောပြီး အဆောင်ကနေပြန်ထွက်သွားတယ်

ဒါပေမဲ့ အပြင်ရောက်ခါနီးမှာ ပြန်လှည့်ကြည့်လာပြီး

"ဟွားဟွားကနားရမှာနော် သူမကပင်ပန်းလို့မရဘူး မင်းသိတယ်မလား"

".........."

ပိုင်ချင်းဆွံ့အသွားတယ်

သူ့ပုံစံက တကယ်ကြီး နှာဘူးရုပ်ပေါက်နေလို့လား

သူညင်သာစွာတချက်ရယ်လိုက်ပြီး ခေါင်းခါလိုက်တယ်

သူ့ယောက်ဖက သူ့ကိုမငြင်းဆန်တော့ဘူး

ပြီးတော့ သတိပါပေးလိုက်သေး

သူမက ငြိမ်းချမ်းစွာအိပ်မောကျနေလေတယ်

နတ်ဘုရားတွေက အိပ်ဖို့မလိုတော့ဘူးဆိုတာသိတာတောင်မှ ဒီအအိပ်မက်တဲ့မိန်းကလေးကဆက်အိပ်နေဦးမယ်ဆိုတာသေချာတယ်

သူလဲ သူမဘေးနားဝင်လှဲလိုက်တယ်

သူမခေါင်းကိုသူ့လက်ပေါ်ပြောင်းတင်လိုက်ကာ သူမဦးနေတဲ့ခေါင်းဦးကိုတော့ကြမ်းပြင်ပေါ်ပစ်ချလိုက်တယ်

သူမကိုရင်ခွင်ထဲဆွဲသွင်းလိုက်ကာ သူမခါးပေါ်သူ့လက်
တဖက်တင်လိုက်ပြီးနောက် ညင်သာစွာပွေ့ဖက်လိုက်တယ်

သူမရဲ့နဖူးနဲ့သူ့နဖူးကိုထိပြီး သူလဲအိပ်မယ်လုပ်လိုက်ပေမဲ့ မနေနိုင်စွာ သူမနဖူးကို အခါခါနမ်းမိသေးတယ်

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now