စာစဉ်(12)အပိုင်း(120)

527 39 3
                                    

Lengends of spring goddness

အပိုင်း(120) ကျူးလစ်၏ပြန်လည်မွေးဖွားခြင်းတွင်တာဝန်ရှိသောသူကဘယ်သူလဲ

ရေကန်ထဲက ရုပ်ကလာဒ်က ဖျတ်ခနဲ မျက်ဝန်းစိမ်းပြာရောင်များကိုဖွင့်လစ်လာခဲ့ပါတယ်

အဲ့လိုအချိန် တပြိုင်ထဲမှာပဲ အထက်ဘုံတခုလုံး‌ ပန်းတွေပွင့်လနး်သွားကြပြီး ရနံ့တွေထုံသင်းလာတာကြောင့် ကောင်းကင်သားရဲတွေနဲ့နတိဘုရားတွေအားလုံး မနေနိုင် မထိုင်နိုင် အော်ဟစ်မြည်တမ်းကြွေးကြော်မိကြပါတယ်

အရမ်းကိုခမ်းနားခဲ့တာပေါ့

စိမ်းပြာရောင်မျက်ဝန်းများပွင့်ဟလာတာနဲ့တပြိုင်နက် ကောင်းကင်ဘုံကပန်းအားလုံးလဲပွင့်လာတယ် ဒါဘာအဓိပ္ပာယ်လဲ နွေဉီးနတ်ဘုရားအဖြစ်ပြန်လည်ဝင်စားလာတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ

ဒါက ရှန့်ကွမ်းချိုးယွဲ့ မျော်လင့်ထားသလိုမဟုတ်ဘူး

"မဟုတ်ဘူး ဒီလိုဖြစ်လာလို့မရဘူးလေ "

လီရွှန်းက ရှန့်ကွမ်းချိုးယွဲ့ရဲ့ကြီးမားတဲ့ကျောပြင်ကို အသံတိတ်ပုတ်ကာ နှစ်သိမ့်ပေးလိုက်တယ်

ဒါက ကံကြမ္မာဆိုမှတော့ လွန်ဆန်မရတဲ့သူတိုင်းလက်ခံကြရမှာပါပဲ

"သူမရဲ့ပြန်လည်မွေးဖွားခြင်းမှာ တာဝန်ရှိတဲ့သူက ဘယ်သူလဲ အခုချက်ချင်းသွားခေါ်လာခဲ့ "

"သတင်းပို့တာနောက်ကျနေပါပြီအရှင် သူမရောက်လာပါပြီ"

ဟွာကျန်းရှဲ့ပြောလာပြီးတာနဲ့ သူ့နောက်က မွေးဖွားခြင်းမှာတာဝန်ရှိတဲ့အရှင်တပါးက ရှေ့တက်လာခဲ့တယ်

"အရှင် "

"မင်းကိုခေါ်တာလား ဘယ်မှာလဲ မင်းတို့ရဲ့ရှန်းကျွင်းက "

"လူ့ပြည်မှာ ကပ်ဘေးဒုက္ခသွားကျော်ပါတယ်အရှင် "

"............"

သူ စိတ်ဆိုးမှာသိလို့ လူပြည်သွားဝင်စားလိုက်တာပေါ့လေ

လုပ်ချင်ရာလုပ်ပြီးတော့ ထွက်ပြေးသွားတာပေါ့လေ

အဲ့လောက်လွယ်ကူရိုးရှင်းတဲ့ကိစ္စလားဒါက

"အရှင် ! အရှင်မ တခုခုမှားနေတယ် ! ! "

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now