စာစဉ်(12)အပိုင်း(128)

558 34 0
                                    


Lengends of spring goddness

အပိုင်း(128) ပြန်ဆုံကြသည့်အခိုက်အတန့်

တိုက်ပွဲမှာပါဝင်တဲ့သူတိုင်းက သူတို့ရဲ့ခေါင်းကိုငုံ့ထားကြပြီးရှန့်ကွမ်းချိုးယွဲ့ရဲ့နားမှာ ဒူးထောက်ကာအပြစ်ခံယူနေကြတယ်

အားလုံးရဲ့အလယ်မှာရှိနေတဲ့ ရှန့်ကွမ်းချိုးယွဲ့ကတော့ လီရွှန်းကိုပွေ့ဖက်ပြီး အသံတိတ်ငေးနေလေရဲ့

ဘယ်သူ့ကိုမှ ဘာမှပြန်မပြောပဲ ဒီအတိုင်း ထိုင်နေတာ နေရာကတစက‌်လေးတောင်ရွေ့မလာဘူး

သူ့ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိဘူးလို့ထင်ရတယ်

တိတ်ဆိတ်နေပြီးအားလုံးခြောက်သွေ့နေတာက အခုအချိန်မှာတော့ အရမ်းကိုဝမ်းနည်းဖို့‌ကောင်းနေလေတယ်

သူပြောပြချင်ခဲ့တယ်

သူမကိုစတွေ့ထဲကသူရင်ခုန်ခဲ့ရတာပါလို့

အမြဲပြုံးနေတတ်တဲ့သူမကိုအရမ်း‌သဘောကျခဲ့ပြီး သူမလေးကိုအမြဲကာကွယ်ပေးခဲ့တာပါလို့

အရင်ကသူမပြောပြချင်ခဲ့ဘူးဆိုတာကလဲ အချိန်တွေအများကြီးရှိတယ်လို့သူထင်ခဲ့လို့

သူမလေးနေခဲ့သလိုမျိုး သူ့ဘေးမှာအမြဲရှိနေမယ်လို့ သူထင်ခဲ့လို့

သူမလေးကအနေအေးတယ် သူက သူမလေးရဲ့အဲ့လိုစရိုက်ကိုကြိုက်တယ်

အဝေးကိုသူမလေးရဲ့ကျောပြင်ကိုငေးမေရတာမျိုး ဘာတွေတွေးနေမှန်းမသိရတဲ့သူမလေးရဲ့အတွေးတွေကိုလဲသိချင်ခဲ့တယ်

အခုတော့ အရာအားလုံးက ရုတ်တရက်ဆန်စွာ သူ့ဆီမှာဖြစ်ပျက်လာခဲ့တယ်

တကယ်တမ်းတော့ သူမလေးျနာက် သူလဲလိုက်သွားချင်တာပါပဲ

ဒါပေမဲ့ ဟွားဟွား

သူ့မှာ ဟွားဟွားရှိနေသေးတယ်လေ

သူနောင်တရနေပါပြီလို့

အစထဲက သူမလေးအပေါ် ပိုချစ်ပိုမြတ်နိုးပေးရမှာကို

အခုတော့.......

ရွှန်းအာရယ် တကယ်ပဲ ကိုယ့်ကိုဒီလိုပုံစံနဲ့ ဒီအတိုင်းကြီး တကယ်ထားရစ်ခဲ့တာပဲ

(Complete)(Book2)lengends of spring goddness (oc.nl)uni&zgiWhere stories live. Discover now