1

1K 68 11
                                    

သာယာတဲ့မနက်ခင်းလေးတစ်ခု၏လေတဖြူးဖြူးတိုက်ခတ်မှုကို တရိပ်ရိပ်ပြောင်းလဲသွားသောမြင်ကွင်းများအားကြည့်၍ခံစားနေသည်။လတ်ဆတ်သောလေပြေရနံ့တို့ကိုရှူရှိုက်ရင်း မမြင်ဖူးသောပတ်ဝန်းကျင်သစ်ကိုစူးစမ်းကာမှတ်သားထားနေသည်။လက်ထဲ၌ခဲတံတစ်ချောင်းနှင့်အဝါကျင့်ရောင်ရှိသောစာအုပ်ကြမ်းတစ်ခုကိုကိုင်ထားရင်း မြင်ကွင်းထဲဝင်လာသည့်စိတ်ဝင်စားစရာအရာတစ်ခုကို တစ်ခါထဲကြည့်ရုံနဲ့တင် Chanyeolပန်းချီဆွဲနိုင်ပါသည်။

လှည်းမောင်းနှင်လာရင်း လယ်ကွင်းတစ်ခုကိုဖြတ်လိုက်ရချိန်မှာတော့ Chanyeolမြင်ကွင်းထဲဝင်ရောက်လာသည်က ထိုလယ်ကွင်း၏အလယ်တွင်အထီးကျန်စွာပေါက်ရောက်နေသည့် သစ်ပင်ကြီးတစ်ပင် ပြီးတော့ ထိုသစ်ပင်ဘေးတွင် အထီးကျန်စွာရှိနေသောနွားတစ်ကောင်။ထိုမြင်ကွင်းကို သေချာမှတ်သားရင်း လက်ထဲကစာအုပ်၏ဝါကျင့်ကျင့်စာရွက်လေးပေါ် ဂရုစိုက်စွာဆွဲနေလိုက်သည်။

မိနစ်ပိုင်းလောက်သာဆွဲလို့အပြီးမှာတော့ ထွက်ပေါ်လာသည့်ပန်းချီကြမ်းလေးကိုကြည့်ကာ Chanyeolကျေနပ်သွားလျက် ပြုံးမိသွားသည်။ထိုအခါမျက်နှာချင်းဆိုင်တွင်ထိုင်နေသူကChanyeolပြုံးနေသည်ကိုမြင်တော့ စူးစမ်းချင်စိတ်တို့ကတဖွားဖွားမြင့်တက်လာကာ မေးလိုက်သည်။

"သခင်လေး ဘာတွေသဘောကျနေတာလဲဗျ"

သူမေးလိုက်တော့ သခင်လေးParkရဲ့အကြည့်တွေကသူ့ဆီရောက်လာသည်။သခင်လေးParkကလူငယ်ပီပီ ပျော်ရွှင်တတ်သည်၊လေ့လာမှတ်သားတတ်သည်၊စူးစမ်းတတ်သည်၊ အရာရာတွင်တော်လွန်းထက်လွန်းသည်။ပြီးတော့ လူကြီးတစ်ယောက်လိုရင့်ကျက်သည်။အသက် 26နှစ်အရွယ်ရှိတဲ့သခင်လေး၏ရင့်ကျက်ပုံက အသက်36နှစ်ရှိသည့်လူကြီးတစ်ယောက်လိုပင်ဖြစ်သည်။ပြီးတော့သခင်လေး၏ခန့်ညားပုံက သူတို့Londonမြို့တင်မဟုတ်ဘဲ အခြားအိမ်နီးချင်းမြို့‌တွေထိပါကျော်ကြားသည်။အဲ့ဒါကြောင့် သခင်လေးကို သမီးရှင်တွေကပင်လာရောက်တောင်းရမ်းသည်အထိဖြစ်ရသည်။

သခင်လေးက Korea-britishတစ်‌ယောက်ဖြစ်သည်။ဖခင်(သခင်ကြီး)ကEnglandနိုင်ငံLondonမြို့ရဲ့မြို့စားမင်းအုပ်ချုပ်သူဖြစ်ပြီးမိခင်(သခင်မကြီး)ကတော့ကိုရီးယားနိုင်ငံSeoulမြို့ရဲ့သာမန်သူတစ်ဦးသာဖြစ်သည်။သို့သော်ငြား ဖူးစာကတော့မတူညီတဲ့သူတို့နှစ်ဦးကိုဆုံခွင့်ပေးခဲ့သည်။ဘာအခက်အခဲမှမရှိစွာ သူတို့နှစ်ဦးလက်ထပ်ခဲ့ကြပြီးသုံးနှစ်အကြာမှာတော့ Loey Wilson ခေါ်
Park Chanyeol (သခင်လေး)ကိုရရှိခဲ့ပါတယ်။သခင်လေးမွေးပြီးငါးနှစ်အကြာမှာတော့ Hana Wilsonနှင့်Merry Wilsonဆိုသည့် မိန်းကလေးနှစ်ယောက်မွေးခဲ့သည်။သခင်လေးကဖခင်ရဲ့အ‌ေမွအနှစ်ဖြစ်တဲ့တည်ကြည်ခန့်ညားသောမျက်နှာ၊ခန့်ထွားသောခန္ဓာကိုယ်နှင့်မြင့်မားသောအရပ်အမောင်း၊ပိုင်ဆိုင်ထားသလိုမိခင်၏လှပသောပါးချိုင့် အညိုရောင်ရှိသောမျက်စံနှင့်မျက်လုံးဝိုင်းဝိုင်းတို့ကိုပိုင်ဆိုင်ထားသည်။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 [Ongoing]Where stories live. Discover now