8

197 41 12
                                    

"Baekhyun"

"ဟင်"

ခေါ်လိုက်ပေမဲ့သူ့ဘက်ကိုကြည့်မလာဘဲ လက်ထဲကပန်းချီကားချပ်ကိုသာသဘောတကျကြည့်နေသည့်သူကြောင့်Chanyeolမကျေမနပ်ဖြစ်သွားရသည်။သူကပန်းချီကားချပ်လောက်တောင်အရေးမပါဘူးလားလို့မေးမိလိုရှိသေး သူနဲ့ကိုယ်နဲ့ပတ်သက်မှုကဘာမှမဆိုင်သေးတာကိုသိလိုက်ရတော့ စကားလုံးတွေဟာအလိုလိုလည်ချောင်းထဲတစ်စို့သွားကာပါးစပ်ပိတ်လိုက်ရသည်။ဟူး...ဒီလိုမျိုးတွေပြောနိုင်အောင်လို့ အရင်ဆုံး Baekhyunနဲ့ပတ်သက်မှုရှိတဲ့ဆက်ဆံရေး အရင်လုပ်အုံးမှာဘဲ။

"Baekhyunလို့ ! ကိုယ့်ကိုအဖက်လုပ်ပါအုံးကွာ ပန်းချီကိုကျ အဖက်လုပ်ပြီး ဆွဲပေးတဲ့သူကိုကျ အဖက်တောင်မလုပ်ဘူးနော်"

"အာ ... Sorryပါ အကို ပန်းချီကကျွန်တော့်ကိုအရမ်းဆွဲဆောင်နေလို့ရယ်"

"ပန်းချီ‌ဆွဲပေးတဲ့သူကရော ဆွဲဆောင်မှုမရှိဘူးလား"

"အယ် ... ဟုတ် ... ရှိ ရှိပါတယ်"

Chanyeolအမေးကိုခေါင်းငုပ်ကာဖြေလာသူက ပါးလေးတွေရဲသွားသည်ကိုအပေါ်စီးကနေမြင်ရတာမို့ Chanyeolကြိတ်ပြုံးမိသည်။ခင်လာတဲ့ တစ်တောက်လျှောက်လုံးမှာ Baekhyunနဲ့ပတ်သက်ပြီးသိလိုက်ရတဲ့တစ်ချက်ကတော့Baekhyunကအရမ်းကိုရှက်တတ်သည့်ကောင်လေးဆိုတာပင်။ဒါကြောင့်မို့ Baekhyunရှက်နေတဲ့ပုံလေးကိုသဘောကျတာကြောင့်Chanyeolကမကြာခဏစလေ့ရှိသည်။

"အဟား ကိုယ်ကစတာပါ Oh Sehun နေ့လည်စာလာပို့တော့မယ်မဟုတ်လား"

"အွန်း"

နေ့လည်အချိန်လည်ရောက်ပြီဆိုတော့ Baekhyunအတွက်နေ့လည်စာလာပို့မဲ့Sehunကိုစောင့်နေကြသည်။သို့ပေမဲ့ လာပို့တဲ့သူက သူတိူ့မထင်မှတ်ထားသည့် လူတစ်ယောက်ဖြစ်နေခဲ့သည်။ပန်းချီကားကိုပြုံးလျက်ကြည့်နေသည့် BaekhyunကိုChanyeolကမြတ်နိုးစွာစိုက်ကြည့်နေသည်။ထိုအချိန် တံခါးခေါက်သံနှင့်အတူ Mrs Byun၏အသံကိုကြားလိုက်ရတာကြောင့် နှစ်ယောက်သားလန့်သွားကြပြီး အလျင်အမြန်ပင်Baekhyunပုန်းခိုင်းသည့်ကုတင်အောက်ထဲ အရပ်ကလန်ကလားနဲ့Chanyeolကဝင်ပုန်းလိုက်ရသည်။

"ရော့ မြန်မြန်စား ပြီးရင် ဒေါက်တာလာလိမ့်မယ်"

"...."

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 [Ongoing]Where stories live. Discover now