15

166 15 4
                                    

"မနေ့ကဘူတာကရုတ်တရပ်ထွက်သွားပြီးပြန်မသွားတော့ဘူးလို့သတင်းကြားတယ်"

"..."

"ဘယ်လိုဖြစ်တာလဲ Loey Wilson"

ဒယ်ဒီ့ရဲ့အသံခပ်မာမာကထမင်းစားဝိုင်းထဲကသူများ၏လှုပ်ရှားမှုကိုတောင်ရပ်တန့်သွားစေတယ်။Chanyeolကကိုယ့်အပြစ်ကိုကိုယ်သိသည်မို့ဒယ်ဒီစိတ်မဆိုးစေရန်ရှင်းပြဖို့ပါးစပ်အဟမှာဒယ်ဒီ့ဆီကနေထပ်ပြီးအသံထွက်လာခဲ့တယ်။

"အဲ့ကောင်လေးကဘယ်သူလဲ"

ဒယ်ဒီကအသားတစ်ဖက်ကိုခရင်းနှင့်ထိုး၊ပါးစပ်ထဲထည့်လို့အပြီးမှာမေးလိုက်ခြင်းဖြစ်တယ်။ChanyeolဘေးနားကBaekhyunကတော့ဒယ်ဒီ့စကားကိုနားလည်သည့်အလားChanyeolဘက်သို့မသိမသာစောင်းငဲ့ကြည့်လာတယ်။ဒယ်ဒီကအနောက်တိုင်းစကားကိုသာသုံးနေတာမို့Baekhyunနားမလည်ဘူးလို့ထင်မိပေမဲ့Baekhyunဟာသူ့ကိုပြောနေမှန်းသိနေခဲ့သည်။

Baekhyunပုံစံကတစ်ခုခုကိုစိုးရိမ်နေပြီးကြောက်နေသည့်အလားChanyeolကိုမျက်နှာငယ်လေးနှင့်ကြည့်နေခဲ့တယ်။ဒယ်ဒီပုံစံကမျက်နှာတည်ဖြင့်မေးနေတာကြောင့်ဒယ်ဒီ့ကိုBaekhyunရှိန်နေခြင်းဖြစ်တယ်။ဒါကြောင့်မို့ဘူတာသို့မသွားဖြစ်တဲ့အကြောင်းကိုနောက်မှပြောပြီးအရင်ဆုံးBaekhyunကိုဒယ်ဒီ့ဆီမိတ်ဆက်ပေးလိုက်တယ်။

"Byun Baekhyunပါ ကိုရီးယားကကျွန်တော်တည်းတဲ့Byunအိမ်တော်ကသားပါ"

"ဟုတ်ပါတယ် ကလေးကကျွန်မသူငယ်ချင်းရဲ့သားလေ။ယောကျာ်းသိတယ်မို့လား Byun Baekbeomလေ"

မာမီကပါဝိုင်းကူပြီးပြောပေးတော့Chanyeolကမျက်နှာချင်းဆိုင်ကမာမီ့ကိုခပ်ရေးရေးပြုံးပြကျေးဇူးတင်ကြောင်းလုပ်ပြခဲ့တော့မာမီ့ကပြန်ပြီးမျက်စိတစ်ဖက်မှိတ်ပြရင်းမလိုအပ်ကြောင်းအချက်ပြတယ်။ထိုအချိန်ဒယ်ဒီကတွေးဆဆနဲ့ပြောလာခဲ့တော့နှစ်ယောက်သားကဒယ်ဒီ့ကိုပြိုင်တူကြည့်လိုက်ကြတယ်။

"ဪ...မင်းအထက်တန်းကတည်းကပေါင်းလာခဲ့တဲ့သူလား"

"အင်း ဟုတ်တယ်လေ ယောကျာ်း"

"ဒါဆိုသူကဘာလာလုပ်တာလဲ"

ဒယ်ဒီ့အမေးကိုChanyeolကဖြေမယ်အလုပ်ငြိမ်နေတဲ့Baekhyunကဝင်ဖြေခဲ့တယ်။

You've reached the end of published parts.

⏰ Last updated: Nov 09, 2023 ⏰

Add this story to your Library to get notified about new parts!

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 [Ongoing]Where stories live. Discover now