4

222 47 12
                                    

"ကိုယ်မေးနေတယ် မင်းဘယ်သူလဲလို့"

"ကျွန်တော်က တန်ဖိုးမရှိတဲ့အရာတစ်ခုပါ"

"ဘာ"

ထိုကောင်လေး၏စကားကြောင့်Chanyeolအနည်းငယ်ကြောင်သွားခဲ့တယ်။ပြီးတော့ ထိုကောင်လေးကသူ့ကိုနောက်ပြောနေတာများလာလို့ထင်ပြီး သေချာကြည့်တော့လည်း ထိုကောင်လေး၏မျက်လုံးတွေကမှန်ကန်ကြောင်းပြနေတယ်။ဒါဆို ဘာကြောင့်အခုလိုပြောရတာလဲ။လုံးဝနားမလည်သည့်ကိစ္စမို့ Chanyeolခဏငြိမ်သက်သွားသည့်အခါ ထိုကောင်လေးကကိုင်ထားခံရတဲ့လက်ကိုရုန်းလိုက်တော့ သတိလွတ်နေတဲ့Chanyeolကြောင့် အဆင်ပြေပြေလွတ်ထွက်သွားနိုင်ခဲ့တယ်။

"ကျေးဇူးပြုပြီး ကျွန်တော်နဲ့ဝေးဝေးနေပေးပါ မဟုတ်ရင် ခင်ဗျားအတွက်အဆင်ပြေနိုင်မှာ မဟုတ်ဘူး"

"ဘယ်လို? ကိုယ်ကမင်းနဲ့ဝေးဝေးနေပေးရမယ် ဟုတ်လား? အဟက်! မင်းဘဲ ကိုယ့်ကိုချောင်းကြည့်နေခဲ့တာ မဟုတ်လား အခုဟာကမင်းအရင်ကိုယ့်ဆီချဉ်းကပ်လာတာလေ ကောင်လေး"

Chanyeolက သူ့ရင်ဘက်လောက်ဘဲရှိတဲ့ကောင်လေးရဲ့ ခေါင်းလုံးလုံးလေးကိုအုပ်ကိုင်၍ပြောတော့ ထိုကောင်လေးက ရုန်းကာ လက်ကိုပါခါချလိုက်ပြီး လူကို ဘုကြည့်,ကြည့်လာသည်။

"ဒီမှာ ကျွန်တော့် နာမည်ကောင်လေးမဟုတ်ဘူးဗျ"

"ဟုတ်လား ဘာလဲ"

လက်ပိုက်ကာမေးငေါ့ပြလျက်Chanyeol မေးလိုက်တော့ ထိုကောင်လေးက နှုတ်ခမ်းကိုထော်ကာ တစ်ခုခုကိုစဉ်းစားနေသည်မို့ Chanyeolစိုက်ကြည့်နေလိုက်သည်။ခဏအကြာမှာ ထိုကောင်လေးကအကြည့်စူးစူးနဲ့ကြည့်လာပြီး

"မပြောဘူး!"

ထိုသိုဆို၍ မျက်ခုံးတစ်ဖက်ပင့်ကာမျက်နှာကိုလည်း‌မော့ထားသည်။ထိုအခါ Chanyeolလည်းထိုကောင်လေး၏ပုံစံကိုကြည့်၍ရယ်ချင်လာတာကြောင့်ပါးစပ်ကိုတင်းတင်းစေ့ကာထိန်းထားလိုက်ပြီးမှ ချောင်းတစ်ချက်ဟန့်လျက်

" ဒါဆိုလဲ မင်းအိမ်မင်းပြန်သင့်ပြီကောင်လေး ညကြီးအချိန်မတော်မှာ သူများအိမ်ထဲခိုးဝင်တာဟာမကောင်းဘူးနော်"

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 [Ongoing]Where stories live. Discover now