12

112 11 8
                                    

" သား "

သူမကကုတင်ဘေးမှာထိုင်၍ကုတင်ထပ်ငြိမ်ငြိမ်လေး‌အိပ်စက်နေသည့်သူကိုမြတ်နိုးစွာကြည့်နေတဲ့သားအားခေါ်လိုက်ခြင်းဖြစ်တယ်။သူမသားကသူမကိုတစ်ချက်သာလှည့်ကြည့်၍ပြုံးပြကာအရှေ့သို့ပြန်လှည့်ရင်းကုတင်ထပ်ကသူလေးကိုဆက်၍ငေးနေပြန်သည်။ခြေသံဖွဖွနင်း၍ပင်သူမသားအနားကိုသွားလိုက်ရင်းပုခုံးထက်သို့လက်ဖြင့်အုပ်ကိုင်လိုက်သည်။

" သား "

သူမထပ်၍ခေါ်လိုက်တော့ သားဆီကသက်ပြင်းခပ်တိုးတိုးလေးကြားလိုက်ရတာမို့ သူမရင်ထဲမကောင်းဖြစ်ခဲ့ရသည်။သူမသားလေးအတွက်သူမတကယ်ကိုစိတ်မကောင်းပါ။

" အမေ သားလုပ်ရပ်တွေမှားနေတယ်လို့ပြောမလို့မှတ်လား "

သူမပြောမည့်စကားကို သားကကြိုသိနေခဲ့တာမို့ သူမထွေထွေထူးထူးထပ်မဆိုတော့ပါ။အုပ်ကိုင်ထားဆဲဖြစ်တဲ့သားရဲ့ပုခုံးကိုပိုမိုတင်းကြပ်စွာဆုတ်ကိုင်လိုက်သည့်အခါ သားကလေသံတိုးတိုးလေးနှင့်ပြောပြလာသည်။

" သားသိပါတယ် ။ သားလုပ်ရပ်ကမှားနေတယ်ဆိုတာ ။ ဒါမဲ့အဲ့ဒီသားအမိတွေနဲ့ဟျွန်းငယ်ကိုအတူမထားနိုင်တော့ဘူး ။ ဟျွန်းငယ်စိတ်ဆင်းရဲနေတာကိုသားမကြည့်ရက်ဘူး
အမေ "

ဟုတ်တယ် ... အဲ့ဒီယုတ်ညံ့တဲ့မိသားစုလက်ထဲဟျွန်းငယ်ကိုမရှိစေချင်ဘူး ။ စိတ်မချဘူး ။ အဲ့ဒီမိသားစုကဟျွန်းငယ်အပေါ်တအားကောက်ကျစ်လွန်းတယ်လေ။ ဘယ်လိုနည်းနဲ့ ဟျွန်းငယ်ကိုအဲ့အိမ်မှာဆက်ထားရက်ပါ့မလဲ ။

" ဒါမဲ့ ဒီမှာနေလို့ရော ဟျွန်းငယ်ကစိတ်ချမ်းသာမယ်တဲ့လား "

အမေဖြစ်သူရဲ့စကားကြောင့်Hoojooငြိမ်ကျသွားခဲ့သည်။မျက်နှာပျက်ပြီးငြိမ်ကျသွားသည့်သားကိုကြည့်ကာသူမရင်ထဲမကောင်းပါ။အမြဲတမ်းလိုချင်တာကိုမရရအောင်ယူတတ်သည့်သားကအခုတော့သူချစ်ရတဲ့သူဆီကအချစ်ကိုမရလို့အရမ်းကိုဝမ်းနည်းနေသည်ကိုသူမအတိုင်းသားမြင်နေရပါသည်။

စိတ်မကောင်းစွာဖြင့်သားရဲ့ကျောလေးကိုဖွဖွသပ်‌ပေး၍သာသူမနှစ်သိမ့်ပေးနေမိသည်။သူမသားလေးကသိပ်အစွဲအလမ်းကြီးလွန်ပါသည်။စစတွေ့ချင်းကတည်းကဟျွန်းငယ်ကိုစွဲလမ်းခဲ့တာအခုထိဘဲ။ဟျွန်းငယ်ကငြင်းထားတာတောင်ဇွဲမလျှော့ဘဲဟျွန်းငယ်ကိုရအောင်ခေါ်ခဲ့သည်။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 [Ongoing]Where stories live. Discover now