14

127 15 3
                                    

ဒယ်ဒီနဲ့Xiaoလူကြီးမင်းတို့ကပေါက်ကွဲမှုနှင့်ပတ်သက်တဲ့အကြောင်းဆွေးနွေးနေကြတာမို့Luhanနဲ့Chanyeolတို့ငြိမ်ငြိမ်လေးနေကာတိတ်ဆိတ်နေကြရတယ်။ဒယ်ဒီတို့ပြောနေတဲ့အကြောင်းကိုChanyeolကအသေးစိတ်သိပြီးနားလည်သော်လည်းXiao Luhanကတော့မျက်လုံးလေးကလယ်ကလယ်နဲ့အူကြောင်ကြောင်ဖြစ်နေခဲ့တယ်။

Chanyeolကသူ့ညီလေးရဲ့ပုံကိုမြင်ရတော့ခပ်ကြိတ်ကြိတ်ရယ်မိသွားတယ်။Xiao Luhanဆိုတဲ့ကလေးကသူ့အဒေါ်ရဲ့သားလေးဖြစ်ပေတယ်။တရုတ်နိုင်ငံရဲ့နာမည်ကြီးကုန်သည်ကြီးတစ်ဦးနဲ့လက်ထပ်မိပြီးXiao Luhanဆိုတဲ့ကလေးငယ်ကိုရခဲ့တာပေါ့။Xiao Luhanကငယ်ငယ်ကတည်း ပန်းတွေကိုစိတ်ဝင်စားတဲ့သူ။သူ့ခေါင်းထဲပန်းမျို့စေ့တွေနဲ့ ဘယ်လိုစိုက်ရင်ပန်းလေးတွေကောင်းကောင်းရှင်သန်နိုင်မလဲဆိုတာဘဲရှိတယ်။

ဒယ်ဒီမြို့စားမင်းဖြစ်လို့ဒယ်ဒီ့အမXiao Luhanအမေနဲ့ဂိုဏ်းကွဲတာမျိုးဖြစ်ခဲ့ဖူးတယ်။အဲ့တုန်းကChanyeol၆နှစ်သား Xiao Luhanဆို၃နှစ်သားလေးဘဲရှ်ိသေးတယ်။Luhanအမေကဒယ်ဒီ့လိုနိုင်ငံရေးတွေမှာလဲအဘက်ဘက်ကပါဝင်ပြီးကြိုးစားသော်လည်းမြို့စားမင်းနေရာကိုရဖို့အရည်အချင်းမရှိခဲ့ဘူး။ပြီးတော့အမျိုးသမီးတစ်ဦးအုပ်ချုပ်သည့်မြို့ကိုလက်သင့်မခံနိုင်ဘူးဟူ၍မြို့သားတစ်ချို့ကဆိုကြတယ်။

ဒယ်ဒီကတော့အများနဲ့မတူအောင်ထက်မြက်တယ်၊ဦးဆောင်နိုင်စွမ်းရှိတယ်၊အပြောထက်အလုပ်နဲ့သက်သေပြတယ်၊တည်ကြည်ပြီူပြတ်သားလေးနက်တယ်၊တာဝန်ကိုကျေပွန်စွာထမ်းဆောင်တတ်တယ်၊အဒေါ်ထပ်ပို၍တော်လွန်းထက်လွန်ပြီးအထူးသဖြင့်ယောကျာ်းတစ်ယောက်လဲဖြစ်တာမို့ မဲအများဆုံးနှင့်မြို့စားမင်းနေရာကိုဆက်ခံခဲ့ရတယ်။ဒယ်ဒီတို့အဖေဖြစ်တဲ့အဖိုးကတော့မောင်နှမနှစ်ယောက်ကိုဒီကိစ္စနဲ့ပတ်သက်ပြီးသွေးမကွဲစေချင်ပေမဲ့အဒေါ်ကတော့သူမဘယ်လိုတွေကြိုးစားရုန်းကန်ခဲ့ပေမဲ့နောက်ဆုံးမှာရှုံးနိမ့်ခဲ့တာမို့မကျေနပ်မှုပြင်ထန်းကာတစ်မိသားစုလုံးတရုတ်ပြည်ဘေကျင်းမြို့မှာပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။

ငါးနှစ်အကြာမှာဒယ်ဒီကအဖိုးရဲ့နောက်ဆုံးဆန္ဒကြောင့်အ‌ဒေါ့်ကိုသူကိုယ်တိုင်သွားခေါ်ပြီးLondonမှာဘဲနေခိုင်းကာ Xiao Luhanရဲ့အဖေကိုLondonမှာဘဲကုန်သည်အလုပ်လဲလုပ်ခိုင်းသလိုသူ့အကြံပေးအဖြစ်ပါခန့်အပ်ခဲ့တယ်။အဒေါ်ကလဲကြာခဲ့ပြီးဖြစ်တဲ့ကိစ္စတွေကိုမေ့ထားပြီဟုဆိုကာမောင်နှမနှစ်ယောက်လုံးပြန်သင့်မြတ်သွားကြတာပေါ့။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 [Ongoing]Where stories live. Discover now