2

255 56 11
                                    

"သခင်လေးအဆင်ပြေရဲ့လား အိပ်လို့ရောပျော်ရဲ့လား "

" အာ ... ဟုတ် "

Mrs Byun၏မေးခွန်းကိုChanyeol‌ပြံုးလျက်ဖြေလိုက်ပေမဲ့လည်း Chanyeolစိတ်ထဲအလိုမကျဖြစ်နေသည်။ထိုအရာကတော့ ညတုန်းကChanyeolအိပ်ခန်းထဲပြန်ပြီ အိပ်တော့မဲ့အချိန်ဖြစ်သည်။

ညဘက်ကောင်းကောင်းအိပ်ပျော်စေရန် ဂန္ဓာမာပန်းတို့သိမ်ထားသည့်ရေနွေးတစ်ခွက်သောက်ပြီးဖက်လက်စစာအုပ်ကိုယူကာကုတင်ပေါ်တက်လာခဲ့သည်။ကုတင်ခေါင်းရင်းဘက်ကျောမှီကာခြေဆင်းထိုင်လျက် စာအုပ်ရဲ့မှတ်ထားတဲ့နေရာကနေစဖတ်နေလိုက်သည်။

ညမီးအိမ်ရဲ့မီးရောင်ဖျဖျအောက်မှာပေမဲ့ အမြင်အာရုံကောင်းသည့်Chanyeolကစာတွေကိုရှင်းလင်းစွာမြင်နေရသလို စာအုပ်ထဲလည်းအများကြီးအာရုံရောက်နေခဲ့သည်။အချိန်အတော်အတန်ကြာသည့်အထိစာဖတ်ပြီးချိန်မှာတော့ မျက်ခွံလည်းလေးလံလာတာမို့ အိပ်ဖို့ကိုသာဆုံးဖြတ်၍ ကုတင်ဘေးက,စားပွဲပေါ်ကိုသာစာအုပ်တင်လိုက်သည်။ထို့နောက်ကုတင်ပေါ်ကျကျနနအိပ်၍စောင်ခြုံကာမျက်လုံးတို့ကိုမှေးစက်လိုက်သည်။တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ နာရီလက်တံရဲ့လှုပ်ရှားသည့်အသံကလွဲပြီး ဘာမှမကြားရတော့ပေ။

အချိန်ကြာကြာထိ အိပ်လုနီးပါးဖြစ်နေချိန်မှာတော့ မပိတ်ထားမိတဲ့ပြတင်းပေါက်ကနေဝင်ရောက်လာသည့်လေအေးတစ်ချို့ကအိပ်ပျော်တော့မည့်Chanyeolကိုလာနှောက်ယှက်လာသည်။ပုံမှန်ဆိုအမြန်ထပြီးပိတ်လိုက်ချင်ပေမဲ့လည်း အခုကအရမ်းကိုအိပ်ချင်နေပြီမို့ လေရဲ့အေးစက်မှုကိုလျစ်လျူရှုရင်းဆက်အိပ်သည်။ထိုချိန်လေထုနဲ့အတူဝင်ရောက်လာပါသော ပန်းရနံ့ တစ်ခု ၊ ပြောရမယ်ဆိုရင် Chanyeolခြံထဲမှာရခဲ့တဲ့ ပန်းရနံ့ ခရမ်းရောင်Hyacinthပန်းရနံ့။ ပန်းရနံ့ကအနံ့ခံအာရုံထဲဝင်ရောက်လာသည်နှင့်Chanyeolမျက်လုံးတို့ပွင့်သွားပြီးထထိုင်မိသည်။

" ဒါ ခုနကငါရခဲ့တဲ့ အနံ့ဘဲ "

Chanyeolတွေးမိပြီး ပြတင်းပေါက်စီကိုလျှောက်သွားလိုက်ပြီးမျက်နှာမူလိုက်သည်။ပြီးတော့နောက်တစ်‌ေခါက်ဝင်ရောက်လာမဲ့ပန်းရနံ့ပါလာမည့်လေထုကိုရှူရှိုက်ဖို့အသင့်ပြင်လိုက်သည်။စက္ကန့်ပိုင်းမှာတင်ဝင်ရောက်လာတဲ့လေထုသည် Chanyeolထင်ထားသလို ပန်းရနံ့ပါမလာခဲ့ပါ။ဒါကြောင့် အလိုမကျစွာပင်Chanyeolမျက်ခုံးတို့ကျုံ့သွားရသည်။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 [Ongoing]Where stories live. Discover now