6

236 51 11
                                    

"Oh Sehun"

"ဒေါ်ဒေါ် ကျွန်တော်ဘာကူညီပေးရမလဲ"

"Oh Sehun !"

"အာ... ပန်းခြံထဲ ပန်းပွင့်တွေရေလောင်းရအုံးမှာဘဲ!"

"Sehun! Oh Sehun!"

"ငါ့မှာဘာလုပ်စရာရှိသေးလဲ"

"Oh Sehun! အဲ့မှာရပ်စမ်း!"

စိတ်မရှည်နိုင်တော့တဲ့အဆုံးမှာတော့Chanyeolတစ်ယောက်Sehunရဲ့ ပုခုံးကနေကိုင်၍တားလိုက်ရတော့သည်။မနက်တည်းကChanyeolကိုရှောင်နေတဲ့Sehunဟာ မနေ့ညကိစ္စကြောင့်ဟု အပ်တပ်ပြောနိုင်ပါသည်။

မနေ့ညက Chanyeolဆွဲထားတဲ့ပန်းချီကားကိုမြင်ပြီးSehunတစ်ယောက်အံ့ဩသွားခဲ့သည်။ပြီးတော့ပန်းချီကားထဲကကောင်လေးကိုလည်းသိနေသည့်ပုံဖြစ်နေသလိုသိလိုက်ရသည်။သို့ပေမဲ့ မေးကြည့်ခဲ့တော့ Sehunကပြောင်ငြင်းခဲ့သည်။ပြီးတော့ နေရာကနေချက်ချင်းထွက်သွားခဲ့သလို အခုတစ်နေကုန်လူံလည်းရှောင်နေခဲ့သည်။ဤအရာကိုကြည့်လျှင် Sehunကိုသံသယဝင်မိသည်။သေချာပေါက်ကို ပန်းချီကားထဲကသူကိုလည်းသိလိမ့်မည်ဟုထင်သည်။ဒါကြောင့် Chanyeolဇွဲမလျှော့ဘဲSehunနောက်ကိုတောက်လျှောက်လိုက်နေရခြင်းဖြစ်သည်။

"သ...သ...သခင်လေး ဘာ...ဘာဖြစ်လို့လဲ"

"မင်း ငါနဲ့လိုက်ခဲ့!"

လက်ကောက်ဝတ်ကနေဆွဲ၍ခေါ်သွားတော့ မရုန်းဘဲနဲ့ငြိမ်လျက်လိုက်ခဲ့သည်။Chanyeolခပ်မြန်မြန်ပင် အခန်းထဲဝင်လိုက်ပြီးလော့ပါချလိုက်တော့ Sehunမျက်လုံးပြူးသွားခဲ့သည်။

"ဟူးးး ပြော မင်းဘာလို့ ငါ့ကိုရှောင်နေခဲ့တာလဲ!"

"ဟမ်...မ..မရှောင်ပါဘူး သ..သခင်လေးကလဲ"

"အိုဆယ်ဟွန်း မင်းကလိမ်တတ်တဲ့ကောင်လေးမဟြတ်ဘူးဆိုတာ အကိုသိတယ်နော် ! ပြော မင်းဘာတွေ အကို့အပေါ်လိမ်ထားခဲ့လဲ"

Sehunတစ်ယောက်အကြပ်ရိုက်နေမိကာ ဘာဖြေရမှန်းလည်းမသိတာကြောင့် Chanyeolကိုတောင်မကြည့်တော့ဘဲ အခန်းပတ်ပတ်လည်ကိုသာလျှောက်ကြည့်နေလိုက်သည်။Sehunရဲ့အကြည့်တွေက အခန်းထောင့်တစ်နေရာရောက်တော့ရပ်သွားခဲ့ပြီးမျက်ဝန်းအိမ်တို့ကျယ်သွားခဲ့သည်ကိုမြင်တော့Chanyeolလည်းထိုနေရာကိုအမြန်ကြည့်လိုက်သည်။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 [Ongoing]Where stories live. Discover now