3

258 55 6
                                    

"သခင်လေး ညကစောစောအိပ်တယ်မှတ်လား အဒေါ်တောင်အိပ်ပျော်သွားလို့လာမခေါ်ဖြစ်လိုက်မိဘူးရယ်"

အိမ်ဖော်အဒေါ်ကြီးပြောသည့်စကား‌ကြောင့် ခြံထဲဆင်းသွားတော့မဲ့Chanyeolခြေလှမ်းတွေဟာရပ်တန့်သွားပြီ အဒေါ်ကြီးအားနားမလည်သည့်ပုံစံနှင့်ကြည့်လိုက်သည်။Chanyeolရဲ့အူကြောင်ကြောင်ဖြစ်နေတဲ့ပုံကိုကြည့်ရင်း အဒေါ်ကြီးကမျက်လုံးအနည်းငယ်ပြူးသွားပြီး စိုးရိမ်သည့်ပုံစံဖြစ်သွားသည်။

"မဟုတ်မှလွဲရော စောစောအိပ်ယာမဝင်ခဲ့ဘူးလား"

"ဗျာ အယ် ဝင်ခဲ့ပါတယ် ကျွန်တော် 9ခွဲကတည်းဝင်ခဲ့တာ အဟဲ"

Chanyeolပီပြင်စွာပင်လိမ်ပြောလိုက်တော့ အဒေါ်ကြီးကရင်ဘက်ကိုအုပ်ကာသက်ပြင်းချလိုက်သည်။

"ဒါနဲ့ အဒေါ်ကအစောကြီးအိပ်ပျော်သွားခဲ့တာလား"

"ဟုတ်တယ် သခင်လေးရယ် ဘယ်လိုရယ်လဲနားမလည်တော့ပါဘူး မနေ့ညက ညစာမှာ သွေးတက်စာတွေပါသလား မသိပါဘူးကွယ် ၊ အကုန်လုံး ညစာစားလဲပြီးရော အိအ်ယာထဲခေါင်းစိုက်ကြတော့တာဘဲ သခင်မကြီးတို့ သားအမိသုံးယောက်လုံးရောလေ "

အဒေါ်ကြီးပြောတော့ Chanyeolမျက်မှောင်ကျုံ့မိသွကာတွေးနေမိသည်။မနေ့ညက ညစာစားတာခြင်းတူပေမဲ့ သူတစ်ယောက်ကလွဲရင် ဒီစံအိမ်တော်ကြီးမှာရှိတဲ့လူတွေအကုန် စောစောအိပ်ပျော်သွားကြသည်တဲ့လား။ပြီးတော့ စစ်ကြည့်ရသလောက်ဟာလည်း ကြက်ကင်နဲ့အခြားအမယ်စုံဟင်းတွေအပြင်ဆန််ပြုတ်ဆိုတာကလည်း တက်စရာအစားအစာရယ်မဟုတ်ပါ။အကုန်လုံးက ကျန်းမာရေးညီညွှတ်သည့်အစားအစာတွေဘဲမဟုတ်လား။

ဒါပေမဲ့ တစ်ခုတော့ရှိပါသည်။Chanyeolကညဘက်အိပ်ယာဝင်မှာမို့ အစားအများကြီးမစားဘဲ သီသန့်ပန်းကန်လုံးနဲ့ချလာပေးသည့်ဆန်ပြုတ်တစ်ခွက်ကိုသာသောက်ခဲ့ခြင်းဖြစ်သည်။ကျန်တဲ့သူတွေကတော့ စားပွဲပေါ်ကဟင်းပွဲတွေအကုန်စားကြတာပေါ့။အယ် ... ဟင်းပွဲကိုစားတယ်ဆိုမှ စဉ်းစားမိတာတစ်ခုက ထိုဟင်းပွဲတွေထဲတစ်ခုခုခတ်ထားလို့များအခုလိုဖြစ်တာလား။

"အဒေါ် ညက စားပွဲပေါ်ကဟင်းပွဲတွေအကုန်ကုန်သွားခဲ့လား"

"ကုန်တာပေါ့ကွယ် သခင်မလေးနှစ်ယောက်ကအကုန်စားဖြစ်တာ အဒေါ်တို့ဆို ဆန်ပြုတ်ဘဲ သောက်ရတယ်"

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 [Ongoing]Where stories live. Discover now