7

197 41 2
                                    

အရင်လိုဘဲမနက်စောစောထ၍ ပြင်ဆင်ပြီးနောက်မှာတော့မနက်စာစားဖို့ရန်အောင်ထပ်ကိုဆင်းခဲ့သည်။စားနေတဲ့အတော်အတွင်းမှာလည်းထိုသားအမိသုံးယောက်ကိုလည်းစကားတစ်ခွန်းမှမပြော၍အစားကိုသာအာရုံစိုက်နေခဲ့သည်။သူတို့ကဘယ်လိုထင်မလဲလို့မသိပေမဲ့လည်း ကိုယ်သူတို့ကိုတော်တော်ဒေါသထွက်ခဲ့သည်။

လောဘကြောင့်လူတစ်ဦးကိုသေဆုံးသူအဖြစ်သတ်မှတ်ကြတဲ့သူတို့ကအရမ်းကိုကြောက်စရာကောင်းကြသည်။ဒါကိုBaekhyunကဘာကြောင့်ငြိမ်ခံနေရတာလဲ ကိုယ်နားမလည်ခဲ့ပါ။တကယ်ဆို ဒီအိမ်မှာအာဏာအရှိဆုံးကBaekhyunဘဲမဟုတ်လား။Baekhyunသာသူမတို့စကားကိုလွန်ဆန်ခဲ့ရင် သေချာပေါက်သူမတို့လက်လျှော့ပေးနိုင်မယ်လို့ထင်တယ်။သို့ပေမဲ့ Baekhyunကငြိမ်နေခဲ့တယ်။ခံစားချက်မရှိတဲ့သူတစ်ယောက်လို အခန်းထဲပိတ်လှောင်ထားပြီးနေနေနိုင်တဲ့Baekhyunကသိပ်ကိုအံ့ဩစရာကောင်းသည်။

"သခင်လေး တော်ပြီလားရှင့်"

"ဟုတ် ကျွန်တော်သိပ်မဆာလို့"

တွေးနေရင်း Baekhyunအစားပူလောင်လာတာမို့စွပ်ပြုတ်ကိုတောင်ကုန်အောင်မသောက်နိုင်ခဲ့လို့ ရပ်လိုက်တော့Mrs Byunကမေးလာခဲ့သည်။သူမနှင့်စကားသိပ်မပြောချင်တာကြောင့်ရယ် သူမတို့သုံးယောက်ရဲ့မျက်နှာကိုမတွေ့ချင်တာကြောင့်ရယ်Chanyeolနေရာကနေထထွက်လာခဲ့သည်။အခန်းပြင်ရောက်တော့ ပေါင်မုန့်ဗန်းနှင့်ရောက်လာသည့်အဒေါ်ကြီးအိုဟန်ရှင်းကိုတွေ့တာကြောင့် ခဏတားလိုက်ကာ

"ကျွန်တော်ခေါင်းနည်းနည်းမူးနေလို့ အခန်းထဲမှာရှိနေမယ် နေ့လည်စာအတွက်လည်းလာမခေါ်နဲ့တော့ ကျွန်တော်ဗိုက်ဆာရင် လာစားမယ် သိလား အခုတော့ကျွန်တော်တစ်ယောက်ထဲနေချင်လို့"

"ကျွန်မဆေးလုပ်ပေးထားရမလား ဆန်ပြုတ်ရော"

"ရတယ် အဒေါ် ကျွန်တော်ဘဲကြီးကြပ်လုပ်လိုက်မယ်"

အဒေါ်ကြီးအားပြောပြီးသည့်နောက်မှာတော့ အပေါ်ထပ်ကိုသာတက်လာခဲ့သည်။တကယ်တော့ကိုယ်ခေါင်းမမူးပါဘူး။Baekhyunကိုတွေ့ချင်တာကြောင့်သက်သက်ဂွင်ဆင်လိုက်ခြင်းဖြစ်သည်။တော်ရုံဆိုအလုပ်သမားတွေကအပေါ်ထပ်ကို ကိုယ့်အတွက်နေ့လည်စာ၊ညစာစားချိန်လာခေါ်မှရောက်ဖြစ်သလို သန့်ရှင်းဆိုလည်း မနက်အစောပိုင်းမှလုပ်တတ်ကြသည်ကြောင့် Baekhyunအခန်းထဲသူရောက်နေရင်တောင်ဘယ်သူမှသိကြမှာမဟုတ်ဘူး။ပြီးတော့ အခုနောက်ပိုင်း Baekhyunနေ့လည်စာကျွေးတာကလည်း Oh Sehunဘဲဆိုတော့ သူ့ကိုBaekhyunအခန်းထဲတွေ့ရင်တောင်အပြစ်တင်မှာမဟုတ်ဘူး။ဒါကြောင့် Baekhyunအခန်းထဲကိုသာစိတ်ပြေလက်ပြေဝင်ခဲ့လိုက်သည်။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 [Ongoing]حيث تعيش القصص. اكتشف الآن