5

233 48 3
                                    

"သခင်လေး မျက်နှာလည်းမကောင်းပါလား နေမကောင်းဘူးလား"

ခြံထဲတွင်မျက်နှာသုန်မှုန်ကာထိုင်နေသည့်Chanyeolအနားသို့‌ရောက်သူကတော့အိမ်အကူအဒေါ်ကြီးOh Hanshinပင်ဖြစ်သည်။ခြံထဲပင်ပန်ူတွေလာကြည့်ရင်း ခုံတန်းပေါ်မှာထိုင်နေသည့်သခင်လေးအားလှမ်းမြင်သလိုမျက်နှာမကောင်းသည်ကိုပါတွေ့လိုက်ရတာကြောင့်စိုးရိမ်သွားပြီးအနားသို့ရောက်လာခြင်းပင်ဖြစ်သည်။သူမေးလိုက်တော့ သခင်လေးကဘာမှမဖြစ်သည့်ပုံစံနှင့်ပင် ပြုံးလျက်ဖြေလာသည်။

"ကျွန်တော်အဆင်ပြေပါတယ် အဒေါ်"

သခင်လေးဖြေလိုက်သော်လည်း သူမ၏စိတ်ထဲမှာတော့မကျေနပ်သလိုခံစားရသည်။သေချာပေါက်သခင်လေးက တစ်ခုခုကိုအလိုမကျသည့်ပုံ၊တစ်ခုခုကိုမကျေနပ်သည့်ပုံသည်မျက်နှာပေါ်တွင်ပေါ်လွင်နေငည်ကို သခင်လေးကညာလျက်ဖြေခဲ့သည်။သို့ပေမဲ့လည်းသူမကတော့ သခင်လေးကိုထပ်မမေးတော့ဘဲ ခေါင်းသာငြိမ့်ပြလိုက်သည်။

"သခင်လေးလည်းပျင်းနေမှာပေါ့ တစ်ယောက်ထဲဆိုတော့လေ"

"သိပ်တော့လည်းမပျင်းပါဘူးဗျာ ဒီပတ်ဝန်းကျင်ကအေးချမ်းတော့ ပန်းချီကိုကောင်းကောင်းအာရုံစိုက်ဆွဲနိုင်လို့ သဘောကျရတယ်"

"သခင်လေးရဲ့ ဂုဏ်သတင်းတွေကတော့ ထင်ထားထက်တောင်ပိုနာမည်ကြီးသားနော် ငယ်ငယ်ရွယ်ရွယ်နဲ့ထက်မြက်လွန်းပါတယ်"

"အဲ့လောက်လည်းမဟုတ်ပါဘူးဗျာ သူတို့ကကြည့်ကောင်းအုံးတမင်ချဲ့နေတာပါ"

အဒေါ်ကြီးရဲ့စကားကို Chanyeolကလည်ဂုတ်ကိုပွတ်လျက်ရှက်သွေးလေးနှင့်ဖြေလာသည့်အခါ အဒေါ်ကြီးကသဘောကျစွာပင်ပြုံးလိုက်သည်။

"ဘူဆန်ကတူတော်မောင်ကတော့ ဒီကိုလာမယ်တကဲကဲဖြစ်နေတာ သူကသခင်လေးကိုတွေ့ချင်တယ်တဲ့လေ အဲ့ဒါ မနေ့ညက ရထားအမှီနဲ့လာခဲ့တယ် ပြောရရင် ဒီမနက်ဘဲရောက်ဖြစ်မလား မသိပါဘူး"

"ဟုတ်လား ဒါဆိုကျွန်တော့်အတွက်အဖော်ရသွားတာပေါ့"

"ဟုတ်တာပေါ့ သူကလေတအားသွက်လက်တာ သူ့ရဲ့ရည်မှန်းချက်က သခင်လေးလိုဖြစ်ရမယ်တဲ့လေ ပြောရရင် သခင်လေးက သူ့ရဲ့အားထားရတဲ့ပုဂ္ဂိုလ်တစ်ဦးပေါ့"

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 [Ongoing]Where stories live. Discover now