13

129 16 7
                                    

ChanyeolကBaekhyunနဲ့မကြာခင်တွေ့ရတော့မှာကိုကြိုတွေးရင်းအိပ်မပျော်ဖြစ်နေရတယ်။မနက်အစောပိုင်းရထားစီးရမှာမို့စောစောအိပ်ယာဝင်သော်လည်းမျက်လုံးတွေကတော့မှိတ်မရဘဲဖြစ်နေခဲ့တာအတော်ပင်ကြာနေပြီ။6နာရီထဲကအိပ်ယာထဲရောက်နေတာယခု9နာရီပင်ထိုးနေခဲ့ပြီ။

အိပ်ယာထဲဟိုလှိမ့်ဒီလှိမ့်နဲ့အချိန်3နာရီတိတိပင်ဖြုန်းနေခဲ့သည့်Chanyeol။။ဒါကြောင့်လှဲနေရာမှထလိုက်ပြီးရေသောက်ဖို့အောက်ထပ်ကိုကုန်နေတဲ့ရေပုလင်းကိုင်၍ဆင်းလာလိုက်တယ်။မီးဖိုခန်းထဲစားပွဲပေါ်ထိုပုလင်းကိုတင်လိုက်ပြီးရေအပြည့်ဖြည့်ထားတဲ့ရေခရားထဲကရေငဲ့သောက်လိုက်တယ်။

ပြီးတော့အိပ်ယာထဲဝင်လဲအိပ်မ‌ပျော်သေးမှာမို့လေညင်းခဏခံဖို့ခြံထဲခဏဆင်းလာခဲ့လိုက်တယ်။မီးရောင်ပျပျသာထွန်းလင်းထားတဲ့ခြံထဲမှာခြေလှမ်းခပ်မှန်မှန်လျှောက်ရင်းဘေးနားကအလှစိုက်ထားတဲ့ပန်းတစ်ချို့ကိုလက်ညို့ဖြင့်ခပ်ဖွဖွထိတွေ့နေမိတယ်။

ထိုပန်းတွေကလှပေမဲ့လည်းတစ်စုံတစ်ယောက်ရဲ့ပန်းလေးဖြစ်သည့်Hyacinthပန်းလေးထက်‌ေတာ့မလှ ပေ။ထိုပန်းလေးကလှရုံသာမကရနံ့ကပါလတ်ဆတ်ပြီးစိတ်ကိုကြည်လင်စေတာမို့Chanyeolသဘောကျခြင်းဖြစ်တယ်။ပြီးတော့ထိုပန်းလေးရဲ့ပိုင်ရှင်ကိုChanyeolအရမ်းပင်သတိရနေရတယ်။

Londonကိုအစောဆုံးထွက်ခဲ့ရတာမို့Chanyeolမှာထိုကောင်လေးကိုမနှုတ်ဆက်ခဲ့ရ။အခန်းထဲဝင်ပြီးနှုတ်ဆက်အနမ်းပေးချင်ပေမဲ့လည်းသူ့ကြောင့်နဲ့ကောင်လေးကိုအိပ်ရေးအပျက်မခံစေချင်တာကြောင့်ဒီတိုင်းသာထွက်လာခဲ့ရတယ်။အခုအချိန်ကKoreaမှာဆိုမနက်ပိုင်းအချိန်လောက်ပင်ဖြစ်နေပြီ။

ထိုကောင်လေးနိုးနေပြီလား။မနက်စာပင်စားနေပြီလား။အခန်းထဲမှာဘဲနေပြီပန်းကလေးကိုရေလောင်းနေမလား။စသဖြင့်Chanyeolအတွေးတွေထဲထိုကောင်လေးBaekhyunကသာနေရာယူထားလို့နေတယ်။ထိုကောင်လေးအကြောင်းတွေးမိတိုင်းChanyeolရင်မှာတလှပ်လှပ်နဲ့ခုန်နေရတယ်။

တစ်ခါမှအချစ်ကိုမခံစားဖူးတဲ့Chanyeolအတွက်တော့ဒီခံစားချက်ကသိပ်အသားမကျသေးဘူး။တစ်ခါတစ်လေကိုယ့်ကိုကိုယ်တောင်ရှက်မိတယ်။ဒီအရွယ်ကြီးကျမှအချစ်မှာပျော်ဝင်နေတဲ့ဆယ်ကျော်သက်ကလေး‌တစ်ယောက်လိုပြုမှုနေမိလို့။ရွယ်တူတွေလက်ထပ်လို့ကလေးရနေကျချိန်Chanyeolကတော့အခုမှအချစ်ကိုခံစားရပြီးပျော်မွေ့နေတုန်း။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 [Ongoing]Where stories live. Discover now