11

131 17 9
                                    

အိပ်ယာထက်ငြိမ်ငြိမ်လေးအိပ်နေသူလေးကိုမျက်တောင်မခတ်တမ်းသူငေးကြည့်နေမိသည်။ပိတ်ထားသည့်မျက်ခွံလေးတွေ၊မျက်တောင်တိုစိပ်စိပ်လေးတွေ၊တင်းတင်းစေ့ပိတ်ထားသည့်နှုတ်ခမ်းပါးလေးတွေပြီးတော့ဖြူအုအုမျက်နှာလေး။အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကတန်ဖိုးထားရလောက်အောင်လှပလွန်းနေသည်။ငယ်ငယ်တုန်းကရောအခုရောဟျွန်းငယ်ကသူ့မျက်စိထဲမှာလှနေတုန်းဘဲ။

လှတယ်လို့တွေးမိတဲ့သူ့အတွေးတွေကိုဟျွန်းငယ်များသိရင်သူ့ကိုသေချာပေါက်ဆူပုတ်ပြီးရန်တွေ့မိမှာအမှန်ပင်။ဥပမာငယ်ငယ်တုန်းကလိုပေါ့။

"မင်းကလှတယ်နော်"

"ယောကျာ်းလေးတစ်ယောက်ကိုလှတယ်ဆိုတဲ့စကားသုံးတာခင်ဗျားလွန်တယ်ထင်ဘူးလား"

မျက်မှောင်ကျုံ့ကာပတ်ကနဲပြန်ပြောလာသည့်8နှစ်အရွယ်Baekhyunလေးရဲ့ပုံရိပ်ကအခုထိသူ့မျက်လုံးထဲကနေမထွက်နိုင်သေးဘူး။ဒီကလေးလေးကိုတွေ့တွေ့ချင်းနှုတ်ဆက်ရမဲ့အစား'လှတယ်'ဟုလွှတ်ကနဲပြောမိသွားတာကြောင့်ဒီကလေးလေးဆီကနေသူရန်တွေ့ခံရသည်ပေါ့။အတိတ်ကအကြောင်းကိုပြန်တွေးမိတော့သူပြုံးမိသည်။

အတိတ်တုန်းကBaekhyunလေးကအရမ်းကိုသွက်လက်ပြီးချစ်စရာကောင်းလွန်းသည်။ဒါကြောင့်သူမြင်မြင်ချင်းသဘောကျမိသွားသည်ပေါ့။စီးပွားရေးဆွေးနွေးဖို့ကြောင့်နေ့လည်စာဖိတ်ခြင်းကိုခံရတဲ့သူတို့မိသားစုကByunအိမ်တော်ကိုရောက်လာခဲ့တယ်။

သူတို့ချမ်းသာမှုနှင့်မတိမ်းမယိမ်းချမ်းသာသည့်Byunမိသားစုရဲ့အိမ်တော်ကြီးသည်လှပတင့်တယ်စွာကျက်သရေရှိသလိုအိမ်သားတိုင်းကလဲသခင်မှအစအခိုင်းအစေတွေမှအဆုံးနွေးထွေးလွန်းကြသည်။ဒါကြောင့်ဒီအိမ်တော်ကသူတိုင်းကိုသူလေးစားသည်ပေါ့။

Byunအိမ်တော်ရောက်လာတဲ့သူတို့ကိုအားလုံးကနွေးထွေးတဲ့အပြုံးလေးတွေနဲ့ကြိုဆိုကြပေမဲ့တစ်စုံတစ်ဦးလေးကတော့သူ့အမေရဲ့ဂါဝန်ကြီးအနောက်ကနေသူ့ကိုမရဲတရဲကြည့်နေခဲ့တာပေါ့။ဧည့်ခန်းထဲမိဘတွေစကားပြောနေကြချိန်ခြံထဲကကလေးလေးဆီသူသွားခဲ့ပြီးကလေးလေးကိုသူ့ဘက်ကဘဲစကားစပြောခဲ့တယ်။

𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 [Ongoing]Where stories live. Discover now