*1*

5.5K 269 31
                                    

(ဒီဝတ္ထုသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာဖြစ်သည်)

ကျွန်တော့်နာမည်က ဂျောင်ဂု ။ မျိုးရိုးမရှိဖူးလားလို့ မေးချင်နေကြတယ်မလား ။ ကျွန်တော်ဟာ  လူသားမဟုတ်ပဲ လူသားနည်းပါး ဆင်တူတဲ့ လူထုတ်ကုန်(hybrid child)လို့ပြောရင် ခင်ဗျားတို့ ယုံကြမလား ။  

ကျွန်တော်လိုမျိုး လူထုတ်ကုန်လူသားတွေဟာ ခုဆို ကမ္ဘာ့အနှံ့အပြားမှာ တည်ရှိနေကြပြီလေ ။ ကျွန်တော်တို့လို hybrid childတွေဟာ ကိုယ့်သခင်ရဲ့ အချစ်ပေါ်မူတည်ပြီး ကြီးထွားဖွံ့ဖြိုးကြတယ် ။ ကိုယ့်သခင်ဟာ ကိုယ့်ကို မချစ်ဖူးဆိုရင် ကျွန်တော်တို့ဟာ ကလေးငယ်သာသာ သာရှိကြပြီး ကြီးထွားမှုတွေဟာ ရပ်တန့်နေလိမ့်မယ် ။

နောက်တစ်နည်းပြောရရင် သခင်ဟာ ချစ်ပေမယ့် သူ့ရဲ့နာကျင်မှုဝမ်းနည်းမှုတွေကို ကျွန်တော်တို့(hybrid child ) ဆီ ဝေမျှခြင်းမရှိရင်လည်း ကျွန်တော်တို့ရဲ့ ကြီးထွားမှုတွေဟာ ရပ်တန့်နေမှာပဲ ။

ဒါကြောင့် ကျွန်တော်တို့(hybrid child)တွေဟာ  သခင်ရဲ့အချစ်ကို ရရှိဖို့ အလွန်အရေးကြီးတာပေါ့ ။ သခင်ရဲ့အချစ်တာ မရရှိရင် ကျွန်တော်တို့ဟာ အရုပ်သာသာ အဖိုးတန်ခြင်း ဘာမှမရှိတော့ ။  အဲ့တာကြောင့်မို့ ကျွန်တော်တို့(hybrid child)တွေဟာ သခင်ရဲ့အချစ်ကို ရရှိဖို့ကိုသာ ဆုတောင်းတတ်ကြတယ် ။

သခင်ရဲ့အချစ်ကို ရရင် ကျွန်တော်တို့(hybrid child)တွေမှာ မျိုးရိုးနာမည်ရှိသွားပြီး လူသားအတိုင်း လှုပ်ရှားသွားလာလို့ရပြီး သခင်အလိုရှိရာမှန်သမျှကိုလည်း လုပ်ဆောင်နိုင်ကြပြီ ။

အွန်း ကျွန်တော်ဟာ ပထမဆုံး hybrid childပေမယ့် ခုချိန်ထိ မျိုးရိုးမရှိသလို ကြီးထွားမှုတွေဟာလဲ ရပ်တန့်နေခဲ့သည် ။ ဘာလို့ဆို ကျွန်တော်ဟာ စွန့်ပစ်ခံ hybird  child ပေမို့ ။

ကျွန်တော်ဟာ စွန့်ပစ်ခံရပေါင်းများလာတော့ ဘယ်နှစ်ကြိမ်မှန်း မသိတော့ ။ ခုတစ်ခေါက်တော့  ကျွန်တော်ဟာ အမှိုက်ပုံထဲ အစွန့်ပစ်ခံလိုက်ရသည် ။

"ဟင် အရုပ်လေး....."

ကျောင်းကအပြန် အမှိုက်ပုံကြားထဲမှာ တွေ့လိုက်ရသော အရုပ်လေးတစ်ရုပ် ။ ပေပွနေပေမယ့်လည်း အရုပ်ချစ်တတ်သူမို့ အမှိုက်ကြားထဲကနေကောက်ယူလိုက်သည် ။ကောင်းမကောင်းလှည့်ပတ်ကြည့်လိုက်တော့  အင်္ကျီအနားစလေးမှာ ထွင်းထားသည်က ဂျောင်ဂုတဲ့ ။ နာမည်လေးနဲ့ အရုပ်ပုံစံလေးက သိပ်လိုက်ဖက်တာမို့ အိမ်ယူသွားရန် ဆုံးဖြတ်လိုက်သည် ။

*Hybird Child*Where stories live. Discover now