*10*

1.7K 141 1
                                    

"ဟို ကျွန်တော်တို့ CEOကင်နဲ့တွေ့ချင်လို့ပါ......"

"ချိန်းထားလား မသိဖူးရှင့်......"

"ဟို ချိန်းတော့မချိန်းထားပါဖူး ။ ဒါပေမယ့် အရေးတကြီးတွေ့ဖို့ လိုအပ်လို့ပါ....."

"ဒါဆို ခနလေးစောင့်ပါအုံးရှင့် ......"

"ဟုတ်ကဲ့ခင်ဗျ......"

"CEOနဲ့ တွေ့ချင်လို့တဲ့ရှင့်။ ကျောင်းသားနှစ်ယောက် ရောက်နေပါတယ်ရှင့် ။ဟုတ်ကဲ့ ...."

အတွင်းရေးမှူးမလည်း ဖုန်းချပြီး ဝင်သွားလိုက်ပါ လို့ပြောသည့်အတွက် ဟန်ဗြောင်းကောမင်ဝူးကော အားရှိသွားသည်က အမှန်ပင်။

"ကိုယ်နဲ့တွေ့ချင်တာက......"

အသက်ကြီးကြီးလို့ထင်ထားပေမယ့် သူတို့နှင့်ရွယ်တူနီးပါးဖြစ်နေတော့ နှစ်ယောက်လုံးအံ့အားသင့်သွားသည်ကအမှန်။ ငယ်တာသိပေမယ့်လို့ သူတို့နှင့်တန်းတူနီးပါး‌လောက်ငယ်မည် မထင်တားမိခဲ့ပါ။

"ထိုင်ပါ အေးဆေးပြောပေါ့....."

နှစ်ယောက်လုံး ဂျောင်ဂုညွန်ပြရာကို ဝင်ထိုင်လိုက်ကြသည်။

"ပြောကြည့် လာရှာရတဲ့အကြောင်းအရင်း......"

"ဒီလိုပါ....."

ဟန်ဗြောင်းလည်း အစကမရဲပေမယ့် စိတ်ဝင်တစ်စားနားထောင်ပေးနေသည်မို့ သူဖြစ်သမျှအကြောင်းစုံကို ပြောပြလိုက်သည်။‌

"ဒါနဲ့ ဒီကို ဘယ်သူလွတ်လိုက်တာလဲ......"

"ထယ်ယောင်းပါ ။ကင်ထယ်ယောင်း......"

"NJ companyရဲ့ သားလား....."

"ဟုတ်ပါတယ် ....."

"မင်းအပြင် ဘယ်သူတွေပါ လိမ်ခံထိတာလည်း....."

"အများစုက ကျွန်တော်တို့လို ကျောင်းသား/သူတွေပါ ။ မိန်းကလေးတွေကတော့ အိမ်‌တွင်းအကြမ်းဖက်အပြင် လိင်ကိစ္စပါပါတယ်......"

"ရဲမတိုင်ကြဖူးလား......"

"ကျွန်တော်တို့လို လူငယ်တွေက ဘယ်လိုလုပ် သူတို့လိုလုပ်ငန်းရှင်ကြီးတွေနဲ့ ယှဉ်နိုင်မှာလဲ ......"

"Company နာမည်က....."

"RC ပါ......"

"RCက ဘာဖြစ်လို့လဲ......"

*Hybird Child*Where stories live. Discover now