*14*

1.4K 116 1
                                    

"နိုးပြီလား ထယ်....."

"မင်း ဘာမှမဖြစ်ဖူးမလား ဂျောင်ဂု. ဟင် ဘာမဖြစ်ဖူးမလား...."

ပြာပြာသလဲ ‌ေမးလာသော ထယ်ယောင်းကြောင့် ဂျောင်ဂုပြုံးလိုက်မိသည်။

"ကျွန်တော်က ဘာဖြစ်ရမှာလဲ။ထယ်မေ့နေတာလား ကျွန်တော်က hybird childလေ။ ဘာမှမဖြစ်နိုင်ဖူး။ကျွန်တော့်ရဲ့systemက ကာကွယ်ထားပြီးသားလေ။

ရာသီဥတုပူရင်တောင် ကျွန်တော်ကပူလို့လား အေးနေတာလေ ။အေးရင်တောင် ကျွန်တော်က ပူနေတာလေ ထယ်ရဲ့။ဒီလောက်တော့ ဖြစ်စရာလား။

ကျွန်တော့်ကိုဖျက်ဆီးနိုင်တာက ထယ်ရဲ့ချစ်ခြင်းမေတ္တာ ပြက်ပြယ်သွားခြင်းပဲလေ......"

"တော်သေးတာပေါ့ မင်းတစ်ခုခု ဖြစ်ရင် ငါရင်ကွဲမှာ ဂျောင်ဂု။ မင်းက ငါတစ်ယောက်ထဲရဲ့အပိုင်ပဲ ။ငါ့အသားကလွဲပြီး ဘယ်သူ့အသားမှမင်းကိုမထိစေချင်တာ ငါ့အတ္တပဲ ဂျောင်ဂု...."

ငါဟာ မင်းနဲ့ပတ်သတ်ရင် အသေးအဖွဲလေးကအစ အတ္တကြီးတယ် ဂျောင်ဂု။မင်းကို တစ်ခေါက်ပိုင်ပြီးရင် ထာဝရမင်းက ငါ့အပိုင်ပဲ။

"ကျွန်တော်က ထယ်တစ်ယောက်တည်းရဲ့အပိုင်....."

"ဟုတ်တယ် မင်းက ငါ့အပိုင်။ထာဝရ ....."

"အွန်း ထာဝရ....."

"ဒါနဲ့ မင်း အဲ့ဝိုင်ခွက်ကို ကုန်အောင် သောက်လိုက်တာပါ။ဘာဆက်ဖြစ်သွားလဲ......"

"ဒီလို ထယ်ရဲ့....."

ဂျောင်ဂုလည်း ထယ်တို့ထွက်သွားပြီဆိုတော့မှ သူမတို့အစီစဉ်အတိုင်း လိုက်ကရန်ဆုံးဖြတ်လိုက်သည်။

"နောက်တစ်ခွက်လောက်ရနိုင်မလား ဒီနေ့မှဝိုင်က ကောင်းနေသလို ကိုယ့်ရှေ့က မင်းကလည်း သိပ်လှနေလို့....."

"အို ရတာပေါ့ ....."

ဝိုင်ခွက်ကို နောက်တစ်ခွက်လှမ်းပေးလာသော ချွဲနာဘီ။ဂျောင်ဂုလည်း ကုန်အောင်သောက်လိုက်ပြီး မူးသလိုလိုရှိအောင် နှာထင်ကိုအသာနှိပ်နယ်လိုက်သည်။ဂျောင်ဂုအဖြစ်ကိုကြည့်ပြီး ချွဲနာဘီနဲ့ ဟန်အာနာက တစ်ယောက်နှင့်တစ်ယောက် အကြည့်ခြင်းအချက်ပြလိုက်ကြသည်။

*Hybird Child*Where stories live. Discover now