*9*

1.7K 137 7
                                    

"နိုးပြီလား သခင်လေး......"

"မနေ့ညက ဘယ်ချိန်ပြန်ရောက်တာလဲ ဂျောင်ဂု......'

"အွန်း ၁၂လား ၁လား မသိဖူး......"

"နောက်တစ်ခါ ဘယ်တော့မှ အဲ့ချိန်ထိ အလုပ်မလုပ်နဲ့ကြားလား....."

"အမိန့်တော်မြတ်အတိုင်းပါ...."

ခေါင်းညွတ်ရင်းဆိုလိုက်တော့ သဘောတကျဖြင့် တစ်ခစ်ခစ်ရယ်လာသော ထယ်ယောင်းကို ဂျောင်ဂုလည်းပြုံးပြီးကြည့်လိုက်သည်။

"ငါ့ကိုလေ ဂျီမင်က မျောက်နဲ့ကျားစပ်ထားတာလို့ပြောတာ ဂျောင်ဂု......"

"ဟုတ်လား တကယ်ပဲ ဂျီမင်ဂျပုက အဲ့လိုပြောတယ်ပေါ့......"

"အွန်း ဟုတ်တယ် ပြီးတော့ မင်းကိုလည်း ယုန်ဗလကြီးတဲ့ ပြောတာ ။ ငါတိုင်ပြောတာမဟုတ်ဖူးနော် ပြောပြတာ....."

"ခုလိုပြောပြပေးလို့ ကျေးဇူးပါဗျ နောက်တစ်ခါတွေ့လို့ရှိရင် အဲ့ဂျပုကို ယုန်ဗလပြပေးလိုက်မယ်နော်....."

"ဂျောင်ဂုအကောင်းဆုံးပဲ....."

လက်မလေးထောင်ကာ ပြောလာသော ထယ်ယောင်း။

"ဂျောင်ဂု ငါတို့နှစ်ယောက်က ဘာတွေလဲ...."

"သခင်လေးဖြစ်စေချင်တဲ့ အနေအထားတွေပေါ့ ။ ဥပမာ -သခင်နဲ့ကျွန်ရသလို ချစ်သူတွေလည်းရတာပေါ့......"

"နောက်ဆုံး ဥပမာကို ငါပိုကြိုက်တယ်ဂျောင်ဂု....."

"ဒါဆို ဒီနေ့ကစ တစ်ရက်ပေါ့........"

"မင်း ငါ့ကို ချစ်တယ်လို့မပြောရသေးဖူ‌းလေ....."

"လိုလို့လား ကျွန်တော်က သခင်အချစ်တွေနဲ့ကြီးပြင်းရှင်သန်လာတဲ့လူသားမဟုတ်တဲ့လူသားတစ်ယောက်လေ။ သခင်ချစ်တာထက် အဆတစ်ရာ သခင်ကို ချစ်ပြီးသား....."

"ဒါဆို တစ်ရက်နော်......"

"အွန်း တစ်ရက် သခင်လေး......."

"ဒါဆို အခေါ်ဝေါ်ပြောင်းတော့လေ သခင်လေးလို့မခေါ်နဲ့တော့......."

"ထယ်....."

"ဟင်....."

"ထယ်လို့ခေါ်မယ် ကျွန်တော့်ရဲ့ တစ်ဦးတည်းသောထယ်...."

*Hybird Child*Where stories live. Discover now