*3*

2K 197 6
                                    

"မစ္စတာချွဲ ဟုတ်ပါတယ်နော်......"

"ဟုတ်ပါတယ် အရာရှိတို့ ဘာကိစ္စလဲ မသိဖူး......."

"ခင်ဗျား လက်နက်မှောင်ခို လုပ်တယ်လို့ သိရပါတယ် ။ ရှာဖွေဝရမ်းပါပါတယ် ။ ခင်ဗျား ကုမ္ပဏီ အိမ် ခင်ဗျားနဲ့ပတ်သတ်သမျှအရာတိုင်းကို ရှာဖွေမှာပါ။ ပူပေါင်းပေးပါအုံး......"

"ဘယ်ကနေ သတင်းကြားလာမှန်း မသိပေမယ့် အရာရှိတို့ ရှာဖွေနိုင်ပါတယ်......"

"အားလုံး စရှာနိုင်ပြီ ...."

"ဒါ ဘယ်သူ့လင်ချက်လဲ သိရအောင် လုပ်ခဲ့။ သိရင်လည်း အပြတ်ရှင်းလိုက်....."

"ဟုတ်ကဲ့....."

အတွင်းရေးမှူးလည်း မစ္စတာချွဲကို အရိုသေပေးကာ ထွက်သွားခဲ့သည်။ နေရာအနှံ့ရှာဖွေနေသော အရာရှိများနှင့်ရဲသည်လည်း  မစ္စတာချွဲ၏ ကြောက်စရာကောင်းသော အပြုံးကို မတွေ့မြင်လိုက်ပေ။

မစ္စတာချွဲသည် စီးပွားရေးနေရာတွင် နာမည်သုံးစားရင်းဝင်ဖြစ်ပြီး မှောင်ခိုလောက‌တွင်တော့ နံပါတ်တစ်စာရင်းဝင် ။အွန်း ကင်ကုမ္ပဏီရောက်မလာချိန်ထိပေါ့ ။

ကင်ကုမ္ပဏီပေါ်လာတော့ စီးပွားရေးမှာ မစ္စတာချွဲက အဆင့်‌ငါး‌‌ေနရာရောက်သွားပြီး  ထိုကုမ္ပဏီကတော့ အဆင့်၂နေရာ ဝင်သွားခဲ့သည်။ ငွေဖြူဖြစ်တဲ့ စီးပွားရေးနေရာမှာတင်မဟုတ် ။

ငွေမဲဖြစ်သော မှောင်ခိုလောကမှာတင် ထိုကုမ္ပဏီဟာ လွမ်းမိုးလာခဲ့ပြီး သူဟာတစ်ဆင့်နိမ့်ခဲ့ရပြန်သည် ။ မကျေနပ်သည့်အတွက် စီးပွားရေးလောကတွင်လည်း ဝင်ဖြတ်ခဲ့သလို လက်နက်ရောင်းဝယ်သည့်ကိစ္စတွေမှာလည်း မစ္စတာချွဲဟာ ဖြတ်လုခဲ့သည် ။

ဒါပေမယ့် ခုကိစ္စကလည်း ထိုကင်ကုမ္ပဏီကလုပ်တာဖြစ်နိုင်တယ်ဆိုတာ မသေချာသေး ။ သူဖြတ်လုခဲ့တာ ကင်လင်မယားတင်မှမကဘဲ။ အကယ်၍ ကင်လင်မယားလုပ်တာသေချာတယ်ဆိုရင်တော့ အပြတ်ရှင်းပြစ်ရမည် ။

"ကျွန်တော်တို့ သတင်းမှားတာ ဖြစ်ပါမယ် ။ ခုလို ပူးပေါင်းပေးလို့ ကျေးဇူးပါနော်....."

"ဟုတ်ကဲ့....."

ရဲတွေလည်း ထွက်သွားပြီးနောက် မစ္စတာချွဲ၏ အတွင်းရေးမှူး ရုံးခန်းထဲ ဝင်လာခဲ့လိုက်သည်။

*Hybird Child*Where stories live. Discover now