*11*

1.5K 122 2
                                    

"ချေးငွေကို လိုသလောက်ထုတ်ယူနိုင်သော RCကုမ္ပဏီသည် ထုတ်ချေးပေးသော ပိုက်ဆံဟာ အတုတွေဖြစ်ကြောင်း သိရှိယုံသာမက ငွေချေးစာချုပ်မူရင်းကိုလည်း  ဖျောက်ဖျက်ပြီး နှစ်ဆစာချုပ်တုပြုလုပ်လျက်ရှိကြောင်း တွေ့ရှိသည့်အတွက် အစိုးရအနေဖြင့် RCကို အပြီးပိုင် ပိတ်သိမ်းလိုက်ကြောင်း ယနေ့မနက်မှာ ကြေငြာလိုက်ပါပြီး ဥက္ကဌအပါဝင်RCမှာလုပ်ကိုင်ကြသော သူများကိုပါ တစ်ပါတည်း အရေးယူမည်ဖြစ်ကြောင်း အစိုးရထံမှ ပြောကြားလာပါသည်။......."

"တောက်စ်  ဒါ ဘယ်လိုဖြစ်ရတာလဲ....."

သတင်းကို ပိတ်ပြီး အတွင်းရေးမှူးဖြစ်သူကို ဒေါသတကြီးမေးလိုက်သော မစ္စတာချွဲ။

"ကျွန်တော်လည်း မသိပါဖူး သူဌေး....."

"မင်းတို့သိတာဘာရှိလဲ ဟမ်......"

စားပွဲထက် ရှိသမျှပစ္စည်းအကုန် ဒေါသတကြီး လက်ဖြင့် ဖယ်ရှားလိုက်သော မစ္စတာချွဲ။RCလုပ်ငန်းကြီး ပိတ်သိမ်းလိုက်ရတော့ သူ၏ဝင်ငွေ5%က လုံးဝကို ဆုံးရှုံးလိုက်ရပြီ။

အစိုးရက RCကိုသာ စစ်ဆေးအုံးမည်ဆိုရင် သူ၏လုပ်ငန်းတစ်ခုပြီးတစ်ခု ပေါ်ပေါက်လာနိုင်သည်။ကျန်သည့်လုပ်ငန်းတွေဟာ RCနဲ့တစ်နည်းမဟုတ် တစ်နည်းပတ်သတ်နေသည်မို့ ဒီပုံအတိုင်းဆို တစ်ခြားလုပ်ငန်းတွေပါ ပြသနာဖြစ်လာနိုင်သည့် အနေအထားမှာရှိနေသည်။

"ခု ချက်ခြင်း RCနဲ့ပတ်သတ်သမျှ လုပ်ငန်းတွေကို ဘယ်သူမှမသိခင် လက်စဖျောက်ပြစ်....."

"ဟုတ်ကဲ့ သူဌေး....."

အတွင်းရေးမှူးဖြစ်သူမှာလည်း အမြန်ပင်လှုပ်ရှားရတော့သည်။ RCနဲ့ပတ်သတ်တဲ့လုပ်ငန်းက တစ်ခုထဲမှမဟုတ်တာ။

RCဘက်ကို အမြန်‌သွားတော့ ရဲတွေရောက်ရှိနေပြီး RCပတ်ပတ်လည်ကို အစောင့်များနေရာအပြည့်ချထားသည်။ ဒီပုံအတိုင်းဆို ဝင်ဖို့ခက်ခဲသွားနိုင်သည်။

"ဂျက်စ် အခြေနေ ဘယ်လိုရှိလဲ ......"

ယခုလက်ရှိRC ဦးစီးနေတဲ့ ဂျက်ကို အမြန်ဖုန်းခေါ်ပြီး မေးရတော့သည်။

"ကျွန်တော် လက်စအကုန်ဖျောက်ထားပြီးပြီ ....."

"သေချာလား ဂျက်စ်......"

*Hybird Child*Where stories live. Discover now