*8*

1.7K 160 7
                                    

"Boss ဟန်နာဆိုတဲ့အမျိုးသမီး တွေ့ခွင့်တောင်းနေပါတယ်......"

"ပေးဝင်လိုက်......"

မကြာပါဖူး ဒေါက်ဖိနပ်သံတစ်ကွက်ကွက်ဖြင့် ဂျောင်ဂုရုံးခန်းထဲ ဝင်‌လာသော ဟန်နာ။

"ထိုင်ပါ မစ္စစ်ဟန်နာ ....."

"ဟန်နာလို့ပဲ တရင်းတနှီးခေါ်ပါလား ....."

"ကိုယ်တိုင်လာတယ်ဆိုတော့ ဘာကိစ္စများရှိလို့လဲ မသိဖူး...."

"ဒီည ပါတီရှိတယ်လေ ဂျောင်ဂုကို လာဖိတ်တာ ။ ဒီတစ်ခါတော့ ဆက်ဆက် လာဖြစ်အောင်လာရမယ်နော်......"

"စိတ်ချပါ လူကိုယ်တိုင် တစ်ကူးတက လာဖိတ်မှတော့ လာကတော့မှပေါ့ ......"

"ဒါဆိုလည်း ခွင့်ပြုအုံး ချိန်းထားတာလေးရှိလို့....."

"ဟုတ်ကဲ့....."

ဟန်နာထွက်သွားတော့ စိတ်ရှုပ်စွာဖြင့် necktie ကို ဆွဲဖြုတ်လိုက်သည်။ ဒီညကတော့ မဖြစ်မနေသွားရတော့မည်ပဲ။ ပါတီတွေကို သဘောမကျပေမယ့်လို့ ဟန်နာဖိတ်တဲ့ ဒီညပါတီကိုတော့ ဂျောင်ဂုသွားဖြစ်အောင် သွားရမည်။

ကုမ္ပဏီပေါင်းစုံက CEOတွေအပြင် underground ကလူတော်တော်များများပါ လာကြမှာဆိုတော့ မသွားလို့မဖြစ်။သူ သိချင်သောအကြောင်းအရာတော်တော်များများက ဒီလိုအချိန်အခါမျိုးမှာသာ ‌ရနိုင်သည်ကများသည်လေ။

"ဂျောင်ဂု ဟန်နာက ဘာလာလုပ်တာလဲ......."

"ပါတီလာဖိတ်တာ ဟိုဆော့ဟျောင်း......."

"သွားမှာလား မင်းက......."

"မသွားလို့ဘယ်ရမလဲ JKကိုကော ဖိတ်ထားမှတော့ သတင်းက လုံးဝကို အစုံရနိုင်တယ်လေ......."

ဂျောင်ဂုပြောသည်လည်းမှန်နေတော့ ဟိုဆော့ခေါင်းသာ ငြိမ့်ပြလိုက်သည်။ဒီလိုပွဲမျိုးကို လက်လွှတ်လိုက်ရင် ရူးမိုက်ရကြမည်လေ။

"JK အနေနဲ့ဘယ်လိုလုပ်မလဲ ဂျောင်ဂု....."

"ဟျောင်း တာဝန်ယူလိုက် ။ JKအနေနဲ့ ကိုယ်စားလာခဲ့လိုက်......"

"အဲ့လိုပဲရှိတော့တာပေါ့ အချိန်ကလည်း တစ်ပြိုင်နက်ဆိုတော့ ......"

*Hybird Child*Where stories live. Discover now