*5*

1.9K 179 8
                                    

ရက်ကိုလပြောင်း၊လကိုနှစ်ပြောင်းဖြင့်ခုဆိုရင် ထယ်ယောင်းဟာ အသက်ဆယ့်ရှစ်နှစ်ထဲရောက်လာလေပြီ။ဆယ့်ရှစ်နှစ်ပြည့်လာစည်နှင့်အမျှ အလှတရားတွေဟာ ပိုပိုးတိုးလာသည့်အတွက် အလှနတ်ဘုရားတစ်ပါးအတိုင်းပင်။မိန်းကလေးတင်မက ယောက်ျားလေးတော်တော်များကပါ ထယ်ယောင်းကို သူတို့၏အပိုင်ဖြစ်စေချင်ကြသည် ။ဂျောင်ဂုရှိနေလို့သာ ဘယ်သူ့မှအနားမပက်ရဲကြပေ။

ဂျောင်ဂုသည်လည်း ထယ်ယောင်းရဲ့အချစ်ကြောင့် အတော်လေးထွားကြိုင်းလို့လာသည်။ မေးရိုးကားကားတွေဟာ ယောက်ျားဆန်မှုကို ဖော်ပြနေသလို တောင့်တင်းတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့်လည်း မိန်းကလေးတွေကြားထဲ ရေပမ်းအစားဆုံး ဖြစ်ခဲ့သည်။ ဂျောင်ဂုတို့ကတော့ ထိုမိန်းကလေးများကို ရှိသည်လို့ပင်မထင်။ဂျောင်ဂုအတွက် ရှိသည်လို့ထင်တာကတော့ သူ၏သခင် ကင်ထယ်ယောင်းတစ်ယောက်သာပင်။

ထယ်ယောင်း အသက်ဆယ့်ရှစ်နှစ်ပြည့်တော့ နမ်ဂျွန်ဟာ ကုမ္ပဏီကိုလွှဲပြောင်းပေမယ့် ဦးစီးဖို့စိတ်မဝင်စားဖူးဆိုပြီး ထယ်ယောင်းဟာ နမ်ဂျွန်ကိုသာ ကုမ္ပဏီပေးလိုက်သည်။နမ်ဂျွန်က လက်မခံဘဲ ကင်ကုမ္ပဏီကို ဂျောင်ဂုကိုသာ ဦးစီးခိုင်းခဲ့သည်။‌

ခုဆိုရင်တော့ ဂျောင်ဂုဟာ ကင်ကုမ္ပဏီရဲ့CEOဖြစ်နေပြီး ထိုကုမ္ပဏီရဲ့ ငွေမဲဖြစ်တဲ့ Royal ဂိုဏ်းခေါင်းဆောင်လဲ ဖြစ်နေလေပြီ။အရာရာကို ဖြတ်ထိုးညဏ်ပြေးသော ဂျောင်ဂုကြောင့် ကင်ကုမ္ပဏီဟာ စီးပွားရေးလောကမှာ နံပါတ်တစ်ချိတ်ခဲ့သည်။ငွေမဲဘက်မှာလည်း JKအမည်ဖြင့် ဘုရင်တစ်ဆူပင်။

ငွေမဲဖြစ်သော မှောင်ခိုဘက်တွင် ဂျောင်ဂုကိုရှင်းချင်သောသူများသလို ငွေဖြူဖြစ်တဲ့ကင်ကုမ္ပဏီဘက်တွင်လည်း ဂျောင်ဂုကိုဖြုတ်ချချင်သောသူလည်းများသည်။အထူးသဖြင့်မှောင်ခိုဘက်တွင်ပေါ့။ အများအားဖြင့် ဂျောင်ဂုရဲ့အားနည်းချက်ကိုရှာဖွေကြသည်။ဒါမှသာ အလဲထိုးနိုင်မည်လေ။

နောက်တစ်ချက်အနေဖြင့် ဂျောင်ဂုကို Hybird childလို့ မည်သူမှမသိကြ။မသိဆို ဂျောင်ဂုဟာတစ်ခြားhybird  child တွေလို နူးညံ့သွယ်လျမနေ‌သောကြောင့်ပင်။

*Hybird Child*Where stories live. Discover now