*12*

1.5K 117 5
                                    

"ဟမ် ဘာလဲ......"

"ရား လန့်တာ ဖြေးဖြေးသက်သာအော်ပါလား....."

အိပ်နေရာကနေဖုန်းကြည့်ပြီး ကောက်ကာငင်ကာ ထအော်သော ယွန်းဂီကြောင့် ဟိုဆော့ကော ဂျောင်ဂုကော လန့်သွားမိသည်က အမှန်ပင်။

"ငါ့ကို ဂျီမင်က ချစ်တယ်တဲ့ ....."

"ဪ အဲ့ဒါများ ဒီလောက်အော်ဖို့လိုလို့လား....."

"ဟိုဆော့ဟျောင်းလို FAတွေက ကိုယ်ချစ်တဲ့သူဆီကရည်းစားစကားပြောခံရတဲ့ ခံစားချက်ကို ဘယ်နားလည်ပါ့မလဲ....."

ဂျောင်ဂုအပြောကို ပြန်ချေပရန် စကားမရှိတာနှင့် ဟိုဆော့လက်ခလယ်သာ ထောင်ပြလိုက်သည်။အားနေ ဒါကိုသာ လာလာပြီးခလုတ် တိုက်နေသော သောက်RS‌တွေ။ အပူပင်ကင်းတဲ့ ခံစားချက်ကို သူတို့နားမလည်တော့လဲ သဘောထားကြီးတဲ့ ဟိုဆော့ကပဲ ခွင့်လွတ်ပေးရမှာပေါ့။

"ယွန်းဂီဟျောင်းက ဘာပြန်ပြောလိုက်လဲ......"

"ရယ်တဲ့strickerပို့လိုက်တာ......"

"အယ်..."

ချစ်ရင်ချစ်တယ် မချစ်ရင် မချစ်ဖူး‌‌ေပြာရမှာမဟုတ်ဖူးလား။ကလေးကလား ရယ်တဲ့strickerသွားပို့တယ်တဲ့။ ဒီဟျောင်းတစ်ယောက်နဲ့လည်း ခက်ပါတယ်။

"ချစ်ရင် ချစ်တယ် ပို့လိုက်လေ‌ ဟျောင်းရဲ့ ......"

"ငါကောပဲလို့ ပို့လိုက်ပြီ...."

"ချက်ခြင်းကြီးကို ပို့ချလိုက်တာပဲ ။ နည်း‌နည်းလေးတောင် မူဖို့မစဉ်းစားဖူး......"

"မင်းတောင်မူနေလို့ ခုထိ ရည်းစားမရတာလေ....."

"ငါက အပူမရှာချင်လို့ကွ ရှာချင်ရင် ခုချက်ခြင်းတောင်ရတယ်....."

"FAတွေက အဲ့လိုပဲ ပြောကြတာပါပဲ......"

ဂျောင်နဲ့ယွန်းဂီနှစ်ဦးစလုံး ပြိုင်တူဆိုလိုင်တော့ မျက်နှာရှုံ့မဲ့သွားသော ဟိုဆော့။ရှေ့လျှောက် ဒီနှစ်ယောက်နဲ့ စကားပြောရင် အလုပ်ကိစ္စပဲပြောရန် ဟိုဆော့ဆုံးဖြတ်လိုက်သည်။မဟုတ်ရင် ဒီFAဆိုတဲ့စကားကနေ ချတော့မှာမဟုတ်သာ သေချာနေလို့ပင်။

ဂျောင်ဂုနှင့်ယွန်းဂီကတော့ သူတို့ပြောလိုက်လို့ ဖြစ်သွားတဲ့ဟိုဆော့မျက်နှာကိုကြည့်ပြီး ပြုံးလိုက်မိသည်။ဟိုဆော့ရှိနေရင် တစ်နည်းမဟုတ်တစ်နည်းတော့ သူတို့အတွက် ပျော်စရာအချိန်တွေရှိသည်။ဟို‌ေဆာ့ဟာတို့ရဲ့sunshineလေးလို့လည်းပြောလို့ရသည်။

*Hybird Child*Where stories live. Discover now