*4*

2K 191 7
                                    

"သခင်လေးငိုတာမရပ်ရင် ကျွန်တော်ထွက်သွားတော့မှာနော်......."

"ဟင့်အင်း ငါ မငိုတော့ဖူးနော်....."

ချက်ခြင်းကို မျက်ရည်တွေသုတ်ကာ ပြုံးပြလာသော သခင်လေး။ဈာပနပွဲတောင်ပြီးနေပြီကို ခုချိန်ထိ ငိုတာမရပ်သေးတဲ့ သခင်လေးကို ဒီနည်းနဲ့မှမခြိမ်းခြောက်ရင် မရတော့ ။

ငိုလွန်းအားကြီးလို့ မျက်လုံးတွေလည်းရဲတောက်နေပြီး မျက်ခုံးတွေလည်း မို့နေပြီ။ခုချိန်မှာ အရမ်းဝမ်းနည်းနေမှာ သိပေမယ့်လည်း ဒီလိုမှ မလုပ်ရင်မရတော့ပေ။

"ငါ့နားကထွက်မသွားရဖူးနော် ဂျောင်ဂု....."

ရင်ခွင်ထဲ တိုးဝင်ကာ ခါးကိုက်သွယ်လာသော သခင်လေး ။ သူသည်လည်း သခင်လေးကို ဖက် တစ်ဖက်ဖြင့်ဖက်လိုက်ပြီး  ကျန်လက်တစ်ဖက်က ဆံနွယ်ကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည် ။ သခင်လေး ဝမ်းနည်းတာ ပြေလိုပြေငြားပေါ့။

"အွန်း မထွက်သွားမှာမို့ ငိုတာရပ်တော့ ....."

"ဟုတ်....."

"ငါ့ဆီမှာ မင်းပဲရှိတော့တာ....."

"သိတာမို့ ခုတော့အနားယူလိုက်တော့......"

ဆံနွယ်လေးကို ခက်ဖွဖွပုတ်ပေးရင်းဆိုတော့ သိပ်မကြာပါဖူး အိပ်ပျော်သွားသော သခင်လေး။

"အန်ကယ်ဂျင် သွားသိပ်လိုက်မယ် ဂျောင်ဂုက အန်ကယ်ဂျွန်နဲ့ စကားသွားပြောလိုက်အုံး ....."

"ဟုတ် အန်ကယ်ဂျင်....."

သခင်လေး မနိုးသွားအောင် သေချာလေးထိန်းကာ အန်ကယ်ဂျင်လက်ထဲ ထည့်ပေးလိုက်ပြီး အန်ကယ်ဂျွန်ဆီသို့ ထွက်ခဲ့လိုက်သည် ။

"အန်ကယ် ကျွန်တော်ကို ခေါ်တယ်ဆိုလို့......"

"အွန်း ဟုတ်တယ် ။အန်ကယ်မင်းင်းကို ပြောစရာရှိလို့...."

"ဟုတ်ကဲ့ ......."

"မင်းက သန်မာတယ်ဆိုအုံးတော့ ငယ်လွန်းသေးတယ် ။အဲ့တော့ မှောင်ခို လုပ်ငန်းကို ခုချိန်မှာ ကိုယ်တိုင်မလုပ်သေးနဲ့အုံး......."

"ဟုတ်ကဲ့......."

"မင်းကိုယ်စား သူ့တို့ နှစ်ဦးကိုခိုင်းလို့ရတယ် ။သူ့နာမည်က ယွန်းဂီ ။ဟိုဘက်တစ်ယောက်က ဟိုဆော့ ။ သူတို့နှစ်ယောက်ကလည်း မင်းလိုပဲ......"

*Hybird Child*Where stories live. Discover now