*2*

2.3K 207 7
                                    

"ထယ်ထယ် တကယ်ပဲ ဒီမှာ ချပေးလို့ အဆင်ပြေရဲ့လား....."

"ပြေတယ် မင် တာ့တာ....."

"အွန်း တာ့တာနော်......"

လွယ်လွယ်နဲ့ လက်မလျော့တတ်သေ မာမီအကြောင်းသိသည်မို့ ဂျီမင်ကို လမ်းထိပ်မှသာ ချခိုင်းခံခြင်းပင်။

"တာ့တာ ဂျီမင်....."

ဂျီမင်ကို တာ့တာပြကာ ထွက်လာခဲ့လိုက်သည် ။ အမှိုတ်ပုံနေရာ အရောက် စိတ်ထဲ တစ်ခုခုရှိနေသည်လို့ ခံစားမိလို့ အမှိုက်ပုံကို မွေနှောက်ရှာကြည့်တော့ ထင်သည့်အတိုင်း တွေ့ပါပြီ သူ့ရဲ့ဂျောင်ဂု။

"ထပ်တောင်းပန်တယ်နော် ဂျောင်ဂု......"

မွေနှောက်ရှာလိုက်တော့ တစ်ကိုယ်လုံးလည်း ညစ်ပတ်နံစော်နေလေပြီ။ အိမ်ရောက်ရင် ကောင်းကောင်းကြီး အဆူခံရတော့မှာဆိုသော ကျိန်းသေပင် ။ ဆူခံရလည်း တန်ပါသည် ဂျောင်ဂုကို ပြန်တွေ့ရလို့ ။

"ကင်ထယ်ယောင်း ညစ်ပတ်နံစော်နေတာပဲ ဘယ်လိုဖြစ်လာတာလဲ ဟင် ဒီအရုပ်ယူလာပြန်ပြီ သွားပြစ်ချည်......."

"လုံးဝပဲမား ။ နောက်တစ်ခါ ခုလိုလုပ်ရင် မားကို လုံးဝစကားမပြောဖူး......"

တစ်လုံးချည်ဆီ ပီသစွာပြောပြီး အပေါ်ထပ် တတ်သွားသော သားဖြစ်သူကြောင့် သွေးတိုးချင်သလိုတောင်ဖြစ်သွားရသည့် မစ္စစ်ကင်အဖြစ်။သားဟာ သူမအတိုင်း ပြောရင်ပြောသလို လုပ်တတ်သည်မို့ပင် ။

"လာ မင်းကောငါကော သန့်ရှင်းရေးလုပ်မယ် ပြီးရင် ခြံထဲ သွားဆော့ကြမယ်....."

ထယ်ယောင်းလည်း သန့်ရှင်းရေး လုပ်ပြီးနောက် အိမ်နောက်ဖက်က သူ့အတွက် ဆော့စရာသီးသန့်လုပ်ပေးထားသော ခြံလေးသို့ ဂျောင်ဂုဆိုသော အရုပ်ကောင်လေးကို ခေါ်ပြီးထွက်လာခဲ့လိုက်သည် ။

"မင်းသာ ခုချိန် အသက်ဝင်လာပြီး ငါနဲ့တူတူဆော့လို့ရရင် ကောင်းမှာပဲ ။ ငါမသိတာ တစ်ခုရှိတယ် ဂျောင်ဂု ။ hybird childတွေက သခင်တွေရဲ့အချစ်နဲ့ကျမှ အသက်ရှင်လာတာဆို အမှန်လား ။

ဒါဆို ငါလည်း မင်းကို ချစ်တယ်လေ မင်းက ဘာလို့အသက်မရှင်တာလဲ ။ ငါ့အချစ်က မလုံလောက်လို့လား ။ ဒါမှမဟုတ် ငယ်သေးတဲ့သူရဲ့ အချစ်မို့ အကျုံးမဝင်တာလားဟင်......"

*Hybird Child*Where stories live. Discover now