*7*

1.8K 161 8
                                    

"ဂျောင်ဂု ....."

"ဟုတ် ပြော သခင်လေး......"

"hybird childတွေကလေ ကလေးမွေးနိုင်တယ်ဆို ဟုတ်လား....."

"ဟုတ်တယ် ထင်တာပဲ......"

"ဒါဆို ငါ မိန်းမမယူတော့ဖူး မင်းကိုယူပြီး မင်းကငါ့ရဲ့ကလေးလေးတွေ မွေးပေး....."

"ဘယ်ဖြစ်မလဲ ကျွန်တော်က ယောက်ျားလေး....."

ချက်ခြင်းကို ကောက်ငြင်းလိုက်သော ဂျောင်ဂု။ သူ့လိုတောင့်တောင့်ဖြောင့်ဖြောင့်ကို ဗိုက်ကြီးသည်ပုံနဲ့ မျက်လုံးထဲမြင်ယောက်လိုင်ရော တစ်ကိုယ်လုံးကြက်သိမ်းမွှေးညင်းထသွားသည့်အဖြစ်။

"ယောက်ျားလေးလည်း မွေးလို့ရလောက်မှာ မွေးပေးလို့....."

ဂျစ်စရာမရှိ ရှာကျန်ဂျစ်နေသော သခင်လေး ။

"မရဖူး မိန်းကလေးတွေပဲ ရတာ ။အဲ့ဒါက ရမှတော့ အန်ကယ်ဂျင် ကလေးမွေးပြီးတာ ကြာရောပေါ့...."

"ဘယ်လိုပဲနေနေ ငါ့ကလေးကို မင်းကိုယ်တိုင် မွေးပေးရမယ် ဂျောင်ဂု....."

နှုတ်ခမ်းကြီးဆူကာ ဂျီတိုက်လာသော ထယ်ယောင်း။

"မွေးမှာလား မမွေးပေးဖူးလား......"

ဂျောင်ဂုနှုတ်ဆိတ်နေတော့ ပေါင်ပေါ်ခွထိုင်ကာ မေးလိုက်သော ထယ်ယောင်း။

"ကျွန်တော်ကတော့ မမွေးပေးနိုင်ဖူး ။ ဒါပေမယ့် သခင်လေး မွေးပေးမယ်ဆိုရင်တော့ ရလောက်တယ်......"

"ဝါး အိပ်ချင်လိုက်တာ......."

လူလည်လေး ။ ချက်ခြင်းကို ဟန်ဆောင်ကာ အာသမ်းပြပြီး ပေါင်ပေါ်ကဆင်းကာ  မွေ့ယာပေါ်တတ်ပြီး အိပ်ရုံတင်မက အိပ်ပျော်သွားပြီပုံစံဖြင့် ဟောက်ပါဟောက်ပြနေသေးသည်။

"ဪ တကယ်အိပ်ပျော်သွားပြီပဲ....."

ထိုသို့ ဂျောင်ဂုလဲဆိုလိုက်ရော မွေ့ယာပေါ်ကနေ မျက်စောင်းလှမ်းထိုးလာသော ထယ်ယောင်း။
ဂျောင်ဂုလဲ မသိချင်ယောင်ဆောင်ပြီး အလုပ်ဆက်လုပ်နေလိုက်သည်။

"ဟွန်း သူ့ငိုမွေးခိုင်းပါတယ်ဆို  ငါ့ကိုပြန်လာမွေးခိုင်းနေသေးတယ် ဟွန့်။ ငါ မွေးလို့ကတော့ သူနဲ့တူတဲ့ ကလေးလေးမွေးလာရင် ငါ့အိမ်မှာယုန်‌နောက်တစ်ကောင်တိုးလာတြောမှာပေါ့ ဟွန့်......."

*Hybird Child*Where stories live. Discover now