*Final*

2.8K 165 18
                                    

"ကြယ်ကြွေလာပြီ ဟျောင်း....."

ထယ်ယောင်း ကြယ်အကြွေကို ထိုင်စောင့်နေခဲ့တာ တစ်လနီးပါးရှိခဲ့ပြီ။ခု ထယ်ယောင်းစောင့်မျှော်နေတဲ့ အချိန် ရောက်လာခဲ့ပြီ။

"ဘယ်အရပ်ကို ကြွေတာလဲ ထယ်ယောင်း....."

"မြောက်အရပ်ကို ကြွေတာ ဟျောင်း ဟိုဘက်......"

"ဒါဆို ဟျောင်းတို့ အဲ့နားဝန်းကျင်မှာ တောင်ထိပ်ရှိလား ရှာကြည့်ရအောင်....."

"ဟုတ် ဟျောင်း....."

ဟိုဆော့နဲ့ယွန်းဂီပါ အဲ့နားဝန်းကျင်ကို မြေပုံကတစ်ဆင့်ရှာကြည့်ပေမယ့် တောင်ထိပ်နှင့်တူတာဆိုလို့ ဘာမှမရှိ။

"ခန ပတ်ဆောင်းဟိုပြောတာက ကြယ်ကြွေအရပ်နဲ့နီးတဲ့နေရာလို့ ပြောတာမလား......"

"ဟုတ်တယ် ယွန်းဂီဟျောင်း......."

"ဒါဆို ဟျောင်းဆို့ ဒီကနေ မိုင်၂၀၀ပဲဝေးတဲ့ တောင်ထိပ်ကို သွားလို့ရတယ်လေ ....."

"ဒါဆို ကျွန်တော်တို့ ခုသွားကြမလား ဟျောင်း....."

"သွားမယ် ဒါမျိုးက နေ့မကူးသင့်ဖူး....."

ဂျောင်ဂုကို ဟိုဆော့ပွေ့ချီခဲ့လိုက်ပြီး ကားနောက်ခန်းကို အသာချပေးလိုက်သည်။ထယ်ယောင်းက ကားနောက်ခန်း ဝင်ထိုင်လိုက်ပြီး ဂျောင်ဂုခေါင်းကို သူ့ပေါင်ထက် အုံးစေလိုက်သည်။ဟိုဆော့က မောင်းသူနေရာထိုင်လိုက်ပြီးဘေးမှာတော့ ယွန်းဂီ လိုက်ပါလာခဲ့သည်။

မိုင်၂၀၀နီးပါးမောင်းနှင်လာပြီးနောက် တောင်ထိပ်သို့ ရောက်ရှိလာခဲ့သည်။ ကားက တောင်ထိပ်ထိမောင်းလို့ရလို့ တော်သေးသည်။ မဟုတ်ရင် ဂျောင်ဂုကို အလှည့်ကျချီလာရမှာ။ ဂျောင်ဂုမနိုးလင် သူတို့အသက်ထွက်သွားနိုင်သည်လေ။

သုံးယောက်လုံး သန့်ရှင်းရေး လုပ်ပြီးနောက်  ဂျောင်ဂုကို မြေပြင်ထက်အသာချလိုက်သည်။လပြည့်ညဆိုတော့ ကောင်းကင်ထက်မှာ လမင်းကြီးက ထိန်ထိန်သာနေလျက်။

"စတွေ့ကတည်းက ဂျောင်ဂုဟာ ကျွန်တော့်အပိုင်လို့ သတ်မှတ်ပြီး အနားမှာထားခဲ့တယ်။ အိမ်က နှစ်ကြိမ်တိတိ စွန့်ပြစ်ခဲ့တာတောင် ကျွန်တော့်နားမှာပဲ ထားခဲ့တယ်။

*Hybird Child*Where stories live. Discover now