"အန်ကယ် ဂျောင်ဂု အခြေအနေ....."
"စိုးရိမ်စရာတော့ မရှိပါဖူး ။ခုထိတော့ သတိမရသေးဖူး....."
"ဘယ်လိုဖြစ်တာလဲ အန်ကယ်ဂျွန်......"
"ဂျောင်ဂုတို့နိုးလာမှပဲ မေးကြည့်ကြရုံပေါ့......"
အန်ကယ်နမ်ဂျွန်အပြောကို ထယ်ယောင်းခေါင်းငြိမ့်ပြလိုက်သည်။ဂျီမင်ကိုကြည့်လိုက်တော့လည်း ယွန်းဂီဟျောင်းလက်ကိုဆုပ်ကိုင်ပြီး အသံတိတ်ငိုနေသည်။ အန်ကယ်ဆော့ဂျင်လည်း ဂျီမင်နည်းတူ ဟိုဆော့ဟျောင်းလက်ကိုဆုပ်ကိုင်ကာ ငိုကြွေးနေသည်။
ထယ်ယောင်းလဲ ဂျောင်ဂုနားသွားပြီး ဂျောင်ဂုလက်ကိုဆုပ်ကိုင်လိုက်သည်။ ထားမသွားဖူး မျှော်လင့်တာမို့ ငါ့နားကိုသေချာပေါက် ပြန်လာခဲ့ပါ ဂျောင်ဂု။
ဒီနေ့ထိ ငါဟာ မင်းကြောင့် အသက်ရှင်ခဲ့တာမို့ ဆက်ဆက်ငါ့နားကိုပြန်လာခဲ့ပါ။ငါ့ပျော်ရွှင်ခြင်းက မင်းမို့ ပျော်စေချင်ရင် မြန်မြန်သတိရပါတော့ ဂျောင်ဂု။မင်းကိုခုပုံစံနဲ့မြင်ရတာ ငါ ဘယ်လောက်ဝမ်းနည်းလဲ သိလား။
ခု ငါ ဘယ်လောက်ဝမ်းနည်းနေလဲ သိလား။ငိုချင်တာတောင် ငါမငိုရဲဖူး။မင်းပြောဖူးတယ်မလား ငါငိုရင် ငါ့နားကထွက်သွားမှာလို့ ။ခု ငါမငိုဖူးနော်။ငါ ငိုလိုက်လို့ မင်းပြန်မလာမှာစိုးတယ်။
"ယွန်းဂီဟျောင်း သတိရပြီလား......"
ဝမ်းသာအားရဖြင့် ဂျီမင်မေးလိုက်လျှင် အသာခေါင်းငြိမ့်ပြလာသော ယွန်းဂီဟျောင်း။
"ဟိုဆော့လည်း သတိရလာပြီ ။သက်သာလား ဘယ်လိုနေသေးလဲ......"
"သက်သာပါတယ် ဂျင်ဟျောင်း ။ ဒါနဲ့ဂျောင်ဂုအခြေနေက......"
"မစိုးရိမ်ရပေမယ့် ခုထိသတိမရသေးဖူး....."
"ဘာဖြစ်ကြတာလဲ ဟျောင်းတို့......"
ဂျင်ဟျောင်းအပြောကိုဖြတ်ပြီး ထယ်ယောင်းမေးလိုက်သည်။
"ငါတို့ ကုမ္ပဏီကအပြန် နောက်ကနေ ကားတစ်စီးလိုက်လာလို့ ကားကို အရှိန်တင်ပြီးမောင်းလိုက်တာထယ်ယောင်း။ဂွေ့ချိုအရောက် ရုတ်တစ်ရက်ဆိုသလို ကုန်တင်ကားက ငါတို့ကားတည့်တည့်မောင်းချလာတာ ။ရှောင်ချိန်မရလိုက်ဖူး......"
VOUS LISEZ
*Hybird Child*
Fantasyခုဖန်တီးထားသော ဝတ္ထုသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးထားသော ဝတ္ထုဖြစ်ပါသည်။ Taekook