အပိုင်း(၇)

998 38 0
                                    

တိမ်တွေနေတဲ့ အရပ်ဆီ........

ပတ်ဝန်းကျင်တစ်ခုလုံးက မှုံဝါးလို့နေသည်။ဘယ်အရာမှ သဲကွဲစွာမမြင်ရပါ။ဒီလိုနေရာကြီးမှာငါက ဘယ်လိုဖြစ်ပြီးရောက်နေတာလဲ။

"ရောင်လေးရေ....."

"ဟင် ဒါ...ဒါက မေမေရဲ့အသံပဲ
မေမေ သားဒီမှာလေ"

အစကတည်းကမသဲကွဲတဲ့ပတ်ဝန်းကျင်ကအငွေ့တွေကြောင့် ပိုလို့တောင်မမြင်ရတော့ပါ။တိမ်တွေပေါ်ရောက်နေသလို။

"ရောင်လေး... လာမေမေတို့ဆီ"

"မေမေ သားမေမေတို့ဆီလာမယ်နော် သားမေမေတို့ကိုလွမ်းနေတာသိလား ဟင့်"

ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်းမေမေတို့နဲ့ပိုဝေးသွားခဲ့သည်။ခပ်သွက်သွက်လှမ်းလိုက်ရင်လည်း ပိုဝေးသွားသည်။ကျနော်မေမေတို့နောက်ကိုပြေးလိုက်ခဲ့သည်။ဒါမယ့် လိုက်လေဝေးလေပင်။မောတာပဲ‌အဖတ်တင်ခဲ့သည်။အငွေ့တွေကြားထဲတွင်ပျောက်သွားသော မေမေတို့ကိုလိုက်ရှာနေမိတော့သည်။

"မေမေ သားကိုမေမေတို့နဲ့ခေါ်သွားပါနော် ဟင့် မေမေ....မေမေ
မေမေ......"

"ဒေါက်ဒေါက် ....."

အပြင်ကတံခါးခေါက်သံကြောင့်အိပ်ယာမှ လန့်နိုးခဲ့ရသည်။တကိုယ်လုံးလည်းချွေးများဖြင့် ပြည့်လျက်။

"တိမ်တိုက် ငါခေါ်နေတာ မကြားဘူးလား"

"ငါ ငါကြားပါတယ်"

ကုတင်ပေါ်မှအမြန်ဆင်းပြီး တံခါးကိုအမြန်ဖွင့်လိုက်တော့မှအခန်းရှေ့တွင် စူးရှလှတဲ့မျက်ဝန်းတစ်စုံက ကြည့်နေလေသည်။

"မင်း ဘာဖြစ်လို့လည်း ခေတ်"

"ငါ့အတွက် မနက်စာသွားပြင်ပေး ပီးတော့ မင်းနောက်နေ့ကစပြီး ငါအိပ်ယာမထခင် မင်းထရမယ်"

"ငါ ငါကဘာလို့အက်လိုလုပ်ရမာလဲ ဒါတော့မင်းမလွန်ဘူးလား"

"ငါမင်းနဲ့စကားမများချင်ဘူး မနေ့ကမင်းကိုစကားအကုန်ပြောပြီးပြီ မင်းသဘောပေါက်လောက်မယ်ထင်တယ်"

"မင်း......."

"ငါဆေးရုံသွားရအုန်းမာ မင်းမနက်စာအမြန်သွားလုပ်ချေ။

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now