အပိုင်း(၂၁)

720 34 0
                                    

တိမ်တွေနေတဲ့ အရပ်ဆီ....

တိမ်တိုက်ရေချိုးပြီးထွက်လာတော့အခန်းထဲတွင်ခေတ်ကိုမတွေ့တော့ပါ။တိမ်တိုက်ခေတ်ပေးသောပန်းစည်းလေးကိုကိုင်လိုက်သည်။ပျင်းပြစွာနမ်းရှိုက်လိုက်သည်။ဟူး...မွှေးလိုက်တာ။ပန်းရနံ့ထက်ခေတ်ရဲ့ကိုယ်သင်းနံ့လေး‌ကပိုပြီးမွှေးနေသည်။မင်းခုတော့ အမှန်တရားတွေသိသွားပြီပေါ့ခေတ်။ငါအရမ်းပျော်တယ်သိလား မင်းဆီကနေစကားချိူချိုလေးတွေကြားရလို့။ပြီးတော့ ငါမင်းဆီကနေအလိုချင်ဆုံးအကြားချင်ဆုံးစကားလေးတစ်ခွန်းကိုလည်းမင်းပြောလိုက်ပြီ။မေးနေစရာလိုသေးလို့လားခေတ်ရယ်။ငါမင်းကိုငြင်းစရာလား။

"ရောင်လေး ဘာတွေစဉ်းစားနေတာ"

"ဟာ ခေတ်"

တိမ်တိုက်အတွေးလွန်နေတုန်းအနောက်မှခေတ်က လာဖက်တော့တိမ်တိုက်တစ်ယောက်အတွေးများလေထဲပျံ့လွင့်သွားရတော့သည်။

"မောင်လို့ခေါ်ပါဆို"

"ရူးနေလားမခေါ်ပါဘူး"

"မခေါ်ရင်နမ်းတယ်ကွာ"

ရုတ်တရက်ခေတ်ကတိမ်တိုက်ပါးနားသူ့နှုတ်ခမ်းကပ်ကာနမ်းဖို့လုပ်လေသည်။

"ခေတ် ဘာဖြစ်နေတာလဲ ခေတ်လို့.  "

"အက်ဆိုခေါ်လေ "

"ဟာ ...."

တိမ်တိုက်မျက်နှာတစ်ခုလုံးနီမြန်းလာတော့သည်။ခေတ်ကဖက်ထားတော့ ထွက်ပြေးလို့လဲမရပေ။

"ဟို...မောင်"

"ဟင်ရောင်လေး ချစ်တယ်ကွာအရမ်းပဲ"

ခေတ်တိမ်တိုက်ကိုအနောက်မှသိုင်းဖက်ထားရာမှတိမ်တိုက်ကိုယ်‌ေလးအားအရှေ့သို့လှည့်လိုက်သည်။တိမ်တိုက်ရဲ့နှာဖူးလေးကခေတ်နှုတ်ခမ်းနားကပ်သွားတော့သည်။

"ရောင်လေး မောင်တို့ဘယ်တော့မှမခွဲတော့ဘူးနော်"

"အင်း မောင်လည်းငါ့ကိုမထားခဲ့နဲ့နော်"

"အင်းပါရောင်လေးရဲ့ မောင်ကလေရောင်လေးအနားကကိုမခွာဘူးဟုတ်ပြီလား"

"တကယ်လား ဒါနဲ့မင်းငါ့ကိုဘယ်လိုဖြစ်ပြီးလာကယ်တာလဲဟင်"

"အရူးလေးရဲ့ ဖုန်းခေါ်ပြီးမချလို့ပေါ့ မောင်ကအကုန်ကြားနေရတယ်လေကံကောင်းချင်တော့ရောင်လေးဖုန်းကအင်တာနက်ဖွင့်ထားတော့ မောင်googleကနေတည်နေရာရှာပြီးလိုက်လာတာလေ"

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now