တိမ်တွေနေတဲ့အရပ်ဆီ....
"မောင် ဆေးရုံကပြန်လာတာစောတယ်နော်"
"ဟုတ်တယ်မောင်ဒီနေ့စောပြန်လာတာ"
"အင်းပါ"
"တိမ်တိုက်ကတော့နော် ဟင်းဟင်း"
ထိုအချိန်သီဟကတိမ်တိုက်အားစလိုက်လေသည်။
"ရောင် မပြန်သေးဘူးလားဟင်"
"စောပါသေးတယ်ဆိုင်သိမ်းဖို့က မောင်ဘာဖြစ်လို့လဲ"
"မောင်ဝင်စရာလေးရှိသေးလို့"
"ဟုတ်လားဒါဆိုလည်းသွားေလငါသီဟနဲ့ပဲပြန်လာလိုက်တော့မယ်"
"ရောင်နဲ့အတူသွားမလို့ မောင်က"
"ကျားကျားကခေါ်နေတာကိုကွာ တိမ်တိုက်ကလည်း"
"ဟားဟား"
သီဟကထပ်စလေသည်။တိမ်တိုက်မှာ ပါးနှစ်ဖက်လုံးနီမြန်းနေပြီးခေါင်းကိုအောက်သို့ငုတ်ထားရလေသည်။
"ခေတ်ခေါ်သွားလေရတယ် ဆိုင်ကမဟုတ်လည်းခနနေဆိုသိမ်းတော့မှာ"
"အင်းဒါဆို ရောင် မောင်တို့သွားကြမယ်လေ"
"အင်း"
"မောင် မောင် မောင် ပိုင်ရှင်မှန်းသိအောင်လို့ မောင်မောင်မောင် ခေါ်နေမှာပဲနားငြီးေအာင် ဟားဟား"
တိမ်တိုက်တို့သွားတော့ သီကကဆိုင်ထဲကနေသီချင်းဆိုပြီးစနောက်ကာကျန်ခဲ့လေတော့သည်။
ကားလေးကတဖြည်းဖြည်း BestFriendဂီတဆိုင်လေးအားနှုတ်ဆက်လျက်ဖြင့်။"မောင်ငါတို့ဘယ်သွားမှာလဲဟင်"
"လက်စွပ်သွားယူမလို့"
"ဟင်လက်စွပ်ဟုတ်လားမောင် ဘာလုပ်မို့လဲအက်လက်စွပ်က"
"ဘာလုပ်ရမှာလည်းရောင်ရဲ့ ရောင့်ကိုလက်ထပ်ခွင့်တောင်းမလို့ပေါ့"
"ဟာမောင်ကလည်း အက်လိုကြီးမလုပ်ချင်ပါဘူး ငါကရှက်တယ်"
"ဟင်းဘာရှက်စရာရှိလဲ"
"ရှိတာပေါ့မောင်ရဲ့ မောင်တို့ကဆွေကြီးမျိူးကြီးလေ ဒီလိုလုပ်လိုက်ရင်မေမေတို့နာမည်ပျက်မှာပေါ့ မေမေတို့နာမည်ပျက်မယ့်အလုပ်မျိုးတော့ငါမလုပ်ချင်ဘူးနော်"
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Romanceတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...