အပိုင်း(၂၆)

494 23 1
                                    

တိမ်တွေနေတဲ့ အရပ်ဆီ.....

ခေတ်နဲ့မိုးတိမ်ပြာတစ်ယောက်နှင့်တစ်ယောက်ခေါင်းညိတ်ပြလိုက်ကြသည်။ခေတ်ကအရင် သူရှေ့ကလူအားပုခုံးပုတ်လိုက်လေသည်။

"ဟင်"

"ခွပ်"

မျက်နာလှည့်လာသည်နှင့်တစ်ပြိုင်နက် ခေတ်ထိုလူအားတုတ်နဲ့ရိုက်လိုက်လေသည်။မိုးတိမ်ပြာလည်းမျက်နာလှည့်လာတော့ လက်ထဲတွင်အရန်သင့်ကိုင်ထားသောတုတ်ဖြင့်ရိုက်လိုက်တော့သည်။ထိုသူမျမှာချက်ကောင်းတန်းထိသွားတာကြောင့်တခါတည်း‌မြေပြင်ပေါ်တွင်မေ့သွားကြတော့သည်။

"လက်ဆကလက်လန်တယ်နော် ခေတ်မင်းသစ်"

"ဟားဟား "

မိုးတိမ်ပြာအပြောကိုခေတ်အားရစွာရယ်မောလိုက်တော့သည်။

"ကိုမိုးတိမ်ပြာ ရောင့်ကိုသူတို့ဘယ်ခေါ်သွားကြတာလဲဟင်"

"ဟိုအရှေ့ထဲကလျှိုတစ်ခုထဲကိုခေါ်သွားတာပဲ ငါလိုက်ဝင်မယ်လုပ်တော့ သူတို့လူတွေထွက်လာတာနဲ့ပြန်ပုန်းနေလိုက်တာ"

"ဒါဆိုကျွန်တော်တို့အမြန်လိုက်ရအောင်"

"အင်း"

ခေတ်တို့လျှိုထဲသို့လိုက်ဝင်သွားကြသည်။ခြုံတွေကအရမ်းထူလှသည်။ခေတ်တို့မနည်းပင်အထဲကိုရောက်အောင်ဝင်လိုက်ရသည်။

"ဝါး"

လျှိုကိုဖြတ်ပြီးခေတ်တို့တွေ့လိုက်ရတာကတော့ ဟောင်းနွမ်းနေတဲ့အိမ်အိုကြီးတစ်လုံးကိုပင်။အိမ်ကြီးကအဝေးကနေကြည့်တာတောင်ကြီးမားလှပါသည်။အိမ်နံရံများကို နွယ်ပင်များကရစ်ပတ်နေပြီး တစ်အိမ်လုံးအစိမ်းရောင်သန်းနေတော့သည်။

"ဒီတောထဲကိုငယ်ငယ်ကဒယ်ဒီနဲ့ရောက်ဖူးတယ် ဒါမယ့်ဒီအိမ်ကြီးကိုတော့ခုမှတွေ့ဖူးတာပဲ"

"ကျွန်တော်လည်းအခုလိုဟောင်းနေတဲ့အိမ်ကြီးကို ဒါပထမဆုံးတွေ့ဖူးတာ "

ခေတ်တို့အိမ်ကြီးအားကြည့်ပြီးမင်သက်နေကြသည်။ဒီလောက်တောနက်ကြီးထဲမှာဒီလိုအိမ်ကြီးကိုဘယ်သူကများဆောက်လုပ်ထားတာဖြစ်မလဲ။ခေတ်နဲ့မိုးတိမ်ပြာအိမ်ကြီးအနားသို့ ချဉ်းကပ်လာခဲ့သည်။အိမ်ကြီးနဲ့ပိုနီးလေ ပိုပဟေဠီဆန်သလိုပင်။နှစ်ယောက်သားအိမ်အိုကြီးကိုငေးမောရင်းအိမ်တံခါးဝဆီသိူ့ရောက်ရှိလာခဲ့တော့သည်။

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now