အပိုင်း(၃၄)

620 20 3
                                    

တိမ်တွေနေတဲ့ အရပ်ဆီ...
____________

ခေတ်မင်းသစ်တို့ခေါင်မိုးထပ်တွင် အချိန်အတော်တန်ကြာနေပြီးမှ တိမ်တိုက်ရောင်ဆီသို့လာခဲ့ကြသည်။

"အက်ဆိုကိုမိုးတိမ်ပြာ ရောင့်ဆီကိုပဲသွားလိုက်လေ ကျွန်တော်ဒေါက်တာနဲ့သွားတိုင်ပင်လိုက်အုန်းမယ်"

"အင်းပါ မင်းဆုံးဖြတ်ချက်ကသေချာနေပြီဆိုတော့လည်း ငါမတားတော့ပါဘူး"

"ရောင့်ကိုကျွန်တော့်အစားဂရုစိုက်ပေးနော်"

"အင်းပါ မင်း‌တိမ်လေးကိုငါ့ဆီမှာစိတ်ချလို့ရပါတယ်"

""ကျေးဇူးပါပဲဗျာ အနည်းဆုံးတော့ ရောင့်အနားမှာကိုမိုးတိမ်ပြာရှိနေသေးတာပဲ"

ခေတ်မင်းသစ် တံခါးလေးကိုအသာလေးဟကာ တိမ်တိုက်ရောင်ကိုကြည့်လိုက်လေသည်။သူပျော်နေတာပဲ။မောင်သေပျော်ပါပြီ ရောင်ရယ်။မောင့်ရဲ့နောက်ဆုံးအချိန်လေးမှာ ရောင့်ရဲ့ပျော်နေတဲ့မျက်နာလေးကိုတွေ့ရလို့။မောင်နှုတ်ဆက်ပါတယ် ရောင်။

မိုးတိမ်ပြာ ခေတ်မင်းသစ်ရဲ့ကျောပြင်အားငေးပြီးကျန်နေခဲ့တော့သည်။တဖြည်းဖြည်းကိုယ့်မျက်စိရှေ့လေးတင် ပျောက်ကွယ်သွားသော ခေတ်မင်းသစ်။

ဟူး......

မိုးတိမ်ပြာ သက်ပြင်းတစ်ချက်ချပြီး တိမ်တိုက်ရောင်ဆီသို့ဝင်လာလိုက်သည်။

"ကိုမိုးတိမ်ပြာ ‌မောင်ရော"

မောင်တဲ့လား တိမ်လေးရယ်။တိမ်လေးက ခေတ်မင်းသစ်ကိုပဲအမြဲတမ်းတနေတာပဲ။ကိုယ် ဘယ်လိုရှင်းပြရမလဲမတိတော့ဘူးကွာ။ကိုယ့်ပါးစပ်ကနေပြီးတော့ ခေတ်မင်းသစ်ဒီလိုလုပ်သွားတာကို ဘယ်လိုစိတ်နဲ့ပြောထွက်ရမှာလဲ။

"ခေတ်က ...ဟို...."

"ခေတ်ကဘာဖြစ်လို့လဲဟင်"

"အော် ဘာမှမဖြစ်ပါဘူး သူအပြင်ခနလေးထွက်သွားတာပါ"

"အက်ဆို ငါအိမ်ခနပြန်လိုက်အုန်းမယ်တိမ်တိုက် ဂျေမီစောင့်နေလောက်ပြီ"

"အေးပါ သွားလေ"

"ကိုမိုးတိမ်ပြာ ခွင့်ပြုပါ့အုန်းဗျ"

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now