အပိုင်း(၂၂)

635 29 0
                                    

တိမ်တွေနေတဲ့အရပ်ဆီ....

ခေတ်ရေမိုးချိုးအဝတ်လဲကာဆေးရုံသို့သွားရန်လုပ်တော့သည်။တိမ်တိုက်ကတော့မနက်စာလုပ်နေလေသည်။ခေတ်အားလုံးလုပ်ပြီးချိန်မှာတော့မီးဖိုထဲတွင်တိမ်တိုက်လည်းမနက်စာပြင်ဆင်ပြီးနေလေသည်။

"ရောင်လေးမွှေးနေတာပဲ ဘာတွေလုပ်ထားတာလဲဟင်"

"ခေါက်ဆွဲကြော်တာပါ"

"တော်လိုက်တာမောင့်ဇနီးလေးက"

"မောင်ကလည်း ဘယ်လိုတွေခေါ်နေပြန်ပြီလဲမသိဘူး ရော့စား"

"ချစ်သူတွေပဲကိုနောက်ဆိုရှက်မနေနဲ့သိလား"

ခေတ်ကခေါက်ဆွဲကြော်လည်းစားရင်းတိမ်တိုက်အားစနေတော့သည်။

"မောင် ငါလေဆိုင်ပြန်သွားလို့ရလားဟင်"

"ရောင်လေးက ပြန်သွားချင်လို့လား"

"ရောင်လေးလို့မခေါ်ပါနဲ့ကလေးကျနေတာပဲ"

"ဟောဗျာ ‌ဒီလောက်ချစ်စရာကောင်းပြီးကလေးလေးနဲ့တူလို့မောင်ကအက်လို့ခေါ်တာပေါ့"

"ဟာ မသိဘူးမသိဘူး အက်လိုခေါ်တာမကြိုက်ဘူး"

"အက်ဆိုမောင့်ကိုဘယ်လိုခေါ်စေချင်လို့လဲ"

"အနောက်‌က လေး ကိုဖြုတ်ပြီးရောင်‌ လို့ပဲခေါ်"

"အက်လိုကြီးက....."

"မောင်နော်"

"ကဲပါ ရောင်ဆိုတော့လည်းရောင်ပေါ့ ဟုတ်ပြီလား"

"ငါဆိုင်သွားလို့ရလားလို့"

"ရောင်သွားချင်တယ်ဆိုရင်တော့သွားပေါ့ ဒါမယ့်အရမ်းမပင်ပန်းစေနဲ့နော်"

"ဟုတ် ဟီး"

တိမ်တိုက်ရောင်မျက်လုံးလေးမှေးသွားသည်အထိရယ်လိုက်သည်။ရယ်လိုက်ရင်ထွက်ထွက်လာတဲ့ပါးချိုင့်လေးက အနားကခေတ်ကိုရူးသွားစေလောက်ပါသည်။မနက်စာပြီးခေတ်တို့ထွက်လာခဲ့လိုက်သည်။အရင်ဆုံးတိမ်တိုက်ရောင်ကိုဆိုင်သို့ပို့ပေးသည်။ပြီးမှဆေးရုံသို့သွားလိုက်သည်။

တိမ်တိုက်ရောင်ဆိုင်ထဲသို့ဝင်သွားလိုက်သည်။ရောက်ရောက်ချင်းသီဟ၏အသံကဦးဆုံးထွက်ပေါ်လာလေသည်။

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now