အပိုင်း(၁၆)

818 40 0
                                    

တိမ်တွေနေတဲ့အရပ်ဆီ .......

ကောင်ကင်ကြီးကမှိုင်းညို့လာတာကြောင့်တိမ်တိုက်ကိုအိမ်ပြန်လိုက်ပို့ပေးလိုက်သည်။တစ်လမ်းလုံးဘယ်သူမှစကားမပြောကြပါ။

"ကိုကြီး ကျေးဇူးပဲနော် "

"အင်း ကိုကြီးသွားပြီနော်"

"ဟို ကိုကြီး"

မိုးတိမ်ပြာပြန်မည်အလုပ်တိမ်တိုက်က လက်ကိုလှမ်းဆွဲလိုက်သည်။ဒါကိုအပေါ်ဝရံတာမှ ဘယ်ချိန်ကတည်းကကြည့်နေမှန်းမသိတဲ့ ခေတ်ကဒေါသထွက်သွားလေသည်။

"တိမ်လေး ဘာဖြစ်လို့လဲဟင်"

"ကိုကြီး ကျွန်တော့်ကိုစိတ်ဆိုးနေတာလား"

"အာ ဘယ်ကသာ ကိုကြီးကတိမ်လေးကိုစိတ်ဆိုးစရာလား"

"မသိဘူးလေ ကျွန်တော့်ကိုစကားမပြောလို့"

"ကဲ ကိုကြီးဘာမှမဖြစ်ဘူးဟုတ်ပြီလား မိုးကျနေပြီအထဲဝင်တော့နော်"

"ဟုတ် ကိုကြီးဂရုစိုက်ပြန်နော်"

"အင်း"

ကိုမိုးတိမ်ပြာရဲ့ကားလေးပျောက်ကွယ်သွားသည်အထိတိမ်တိုက်ငေးနေမိသည်။တကယ်တော့ ကိုမိုးတိမ်ပြာမှာဘာမှငြင်းစရာမရှိပါဘူး။တိမ်တိုက် စိတ်မကောင်းပါ။ဟူး......။သက်ပြင်းတစ်ချက်ချကာ တိမ်တိုက်အိမ်ထဲဝင်လာခဲ့သည်။အိမ်တံခါးမဖွင့်ခင်မှာပဲအထဲမှအသံများကြားလိုက်ရသည်။ရုတ်တရက်ဆိုတော့ ခေတ်ကိုစိုးရိမ်စိတ်တို့ကဝင်လာခဲ့သည်။တံခါးကိုဖွင့်ပေမယ့် အထဲမှလောချထားသည်။ဘယ်‌‌ေလာက်ဆွဲဖွင့်ဖွင့် တံခါးကပွင့်မလာခဲ့ပါ။

"ခေတ် ငါ့ကိုတံခါး‌ဖွင့်ပေးပါ..မင်းဘာဖြစ်နေတာလဲ"

ငါဘာတွေဖြစ်နေရတာလဲကွာ။ဘာတွေလဲ ငါနားမလည်တော့ဘူး။တိမ်တိုက်ကိုအခြားသူတွေနဲ့ရှိနေတာကိုငါလုံးဝမခံစားနိုင်ဘူး။မင်းကိုငါ့ဆီမှာပဲရှိနေစေချင်တာ။

"အား!!!!!!!! ခွမ်း.."

တိမ်တိုက်အနီးနားရှိပန်းအိုးကိုကြမ်းပြင်ပေါ်သို့ပစ်ခွဲလိုက်သည်။နံရံကိုလည်း လက်သီးဖြင့်အကြိမ်ပေါင်းများစွာထိုးနေခဲ့သည်။လက်မှသွေးများကျဆင်းလာသော်လည်း ထိုးမြဲပင်။

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now