‌အပိုင်း(၂၇)

486 26 0
                                    

တိမ်တွေနေတဲ့ အရပ်ဆီ....

"ဒယ်ဒီ အခုဟာကတိမ်လေးနဲ့ဘာမှမဆိုင်ဘူးနော် တိမ်လေးကိုခုလွှတ်ပေးလိုက်"

"မင်းတို့တော်တော်စကားများတာပဲ ဟျောင့်တွေသူတို့ပါးစပ်တွေကိုပိတ်လိုက်ကြစမ်းကွာ"

ဦးမိုးစပ်၏အမိန့်ကြောင့်သူတပည့်များကခေတ်တို့အားတိုက်ခိုက်ကြတော့သည်။

ခွပ်!!

ခေတ်သူ့ဆီလာသောလက်သီးချက်ကိုမရှောင်နိုင်ခဲ့ပါ။အားပြင်းတာကြောင့် ခေတ်နှုတ်ခမ်းတွင်သွေးစများကကျဆင်းလာလေသည်။တိုက်ပွဲတစ်ခုမဟူတ်တာကြောင့်သူ့လက်ထဲတွင်ပါလာသောတုတ်ဖြင့် လူဆိုးများအားပြန်လည်ခုခံတော့သည်။အိမ်ကြီးထဲတွင်တစ်ယောက်ကိုတစ်ယောက်ထိုးကြိတ်သံများကဟိန်း၍နေပေသည်။ကျော်ဆန်းတို့တစ်ဖွဲ့ကခေတ်ကိုပဲဦးတည်ပြီးတိုက်ခိုက်ကြတာမို့မိုးတိမ်ပြာ အဖေဖြစ်သူဦးမိုးစက်နားသို့ချဉ်းကပ်လေသည်။

"မိုးတိမ်ပြာ မင်းအသာနေစမ်းပါ မင်းနဲ့မဆိုင်ဘူးဒါတွေက"

"ဒယ်ဒီတိမ်လေးက သားတန်ဖိုးထားရတဲ့လူတစ်ယောက်ဗျ သားသူ့ကိုဘာမှမဖြစ်စေချင်ဘူး အက်တော့သူ့ကိုကာကွယ်ဖို့သားဘာမဆိုရင်ဆိုင်မှာပဲ"

"‌မွေးရကြိုးမနပ်တဲ့ကောင်မင်းက ကို့အဖေကိုတောင်မင်းကပြန်တိုက်ခိုက်ချင်နေတာလား"

"လုပ်သင့်ရင်လုပ်ရမှာပဲဒယ်ဒီ"

"မင်းရှေ့တိုးမလာနဲ့နော် ငါသူ့ကိုသတ်ပစ်မှာ"

မိုးတိမ်ပြာ ဦးမိုးစက်ပြောသည်များကိုဂရုမစိုက်သလိုဟန် အရှေ့သို့တစ်လှမ်းခြင်းတိုးလာလေသည်။

"မင်း"

ဦးမိုးစက် အိတ်ထောင်ထဲမှသေနတ်အားထုတ်ကာ တိမ်တိုက်ရောင်‌ေခါင်းတွင်ချိန်ထားလိုက်တော့ မိုးတိမ်ပြာခြေလှမ်းများရပ်တန့်သွားရသည်။

"ဒယ်ဒီ ဘာလို့ဒီလိုတွေလုပ်နေရတာလဲ"

"မင်းငါ့ကို ဘာမှဖျောင်းဖျဖို့မကြိုးစားနဲ့ မိုးတိမ်ပြာ"

မိုးတိမ်ပြာ ခေတ်ကိုကြည့်လိုက်တော့ အချုပ်ခံ‌ထားရ‌ေလသည်။အဖေဖြစ်သူဦးမိုးစက်အား အနိုင်ရရန်တစ်နည်းသာရှိတော့သည်။

"ဒယ်ဒီ ဒီမှာကြည့်ပါအုန်း"

မိုးတိမ်ပြာ လည်ပင်းတွင်ဆွဲထားသောဆွဲကြိုးလေးအားဖြုတ်ကာဦးမိုးစက်အားပြလိုပ်သည်။

"ဒယ်ဒီ ဒါလေးကိုမှတ်မိလား"

"အက်.....အက်ဆွဲကြိုးကိုမင်းဘယ်ကရတာလဲ"

"ဘယ်ကရရမှာလည်းဒယ်ဒီရဲ့ မာမီ့ဆီကနေပေါ့"

မိုးတိမ်ပြာဦးမိုးစက်အားအချိုသတ်ကာတစ်လှမ်းချင်း‌တိုးလာလေသည်။ဦးမိုးစက်ကတော့ သတိမထားမိခဲ့ ဆွဲကြိုးကိုသာအာရုံရောက်နေလေသည်။

"ငါ အက်ဆွဲကြိုးကိုလိုက်ရှာနေခဲ့တာ လက်စသတ်တော့မင်းဆီရောက်နေတာပဲ"

"ဟုတ်တယ်ဒယ်ဒီ မာမီဆုံးခါနီးမှာသားလက်ထဲကိုထည့်ပေးခဲ့တာ"

"အင့်""

"မိုးတိမ်ပြာ မင်း"

မိုးတိမ်ပြာ ဦးမိုးစက်၏သေနတ်အားဆွဲလုဖို့လုပ်လိုက်သည်။ဒါပေမယ့် လက်သွက်သောဦးမိုးစက်က သေနတ်ကိုပြန်လုထားလိုက်တော့ န‌စ်‌ယောက်လုံး၏လက်ထဲတွင်သေနတ်ကရောက်သွားတော့သည်။

ထိုအခွင့်အရေးကိုစောင့်နေသောခေတ်မှာ ချုပ်ထားသောလက်များကိုချက်ချင်းရုန်းကန်လိုက်သည်။လွတ်သွားတော့ တစ်ယောက်ရဲ့ပေါင်ကြားထဲကိုခြေထောက်နဲ့ကန်လိုက်သည်။ထိုလူမှာသူ့အရာအားကိုင်လျက်ကြမ်းပြင်တွင်လူးလိမ့်‌သွား‌ေတာ့သည်။တစ်ယောက်ကိုတော့ဘေးကတုတ်ကိုကောက်ကာ ခေါင်းအားရိုက်ချလိုက်လေသည်။

"ခေတ် တိမ်လေးကိုကြိုဖြေပေးပြီးပြေးတော့"

ခေတ်လည်းမဆိုင်းမတွပဲ တိမ်တိုက်ရောင်အားကြိုးဖြေပေးလိုက်တော့သည်။

"မိုးတိမ်ပြာ မင်းလွှတ်လို့ပြောနေတယ်မလား "

"မလွှတ်ဘူးဒယ်ဒီ ခေတ်မင်းသစ် ဒီနေကအမြန်ပြေးတော့ ဒါငါ့တာဝန်ထား"

မိုးတိမ်ပြာ သေနတ်အားလုရင်းဦးမိုးစက်အား ချုပ်ထားလေသည်။

"ရောင် မောင်တို့ပြေးရအောင်နော် လာ"

တိမ်တိုက်ရောင် ခေတ်မင်းသစ်လက်အားတွဲလျက် အိမ်ကြီးထဲကနေထွက်သွားကြလေသည်။

"မင်းတို့ ဘာ‌လုပ်နေကြတာလဲ "

ဦးမိုးစက်၏အပြောကြောင့် ကျော်ဆန်းတို့အဖွဲ့မှာ မအီမသာသောအမူအရာများဖြင့် ထလာကြတော့သည်။

"ငါ့ကိုလာကူကြ"

ဦးမိုးစက်မှာအသက်ကြီးသော်လည်းသားဖြစ်သူ၏အချုပ်အနှောင်ကြားမှာရုန်းမထွက်နိုင်ပေ။

#######################

ရေးနေတုန်းမအားတော့လို့ ပြီးသလောက်လေးတင်ပေးလိုက်တာပါ။တိုသွားရင်တောင်းပန်ပါတယ်ဗျ🙏🙏🙏🙏🙏🙏🙏




တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now