အပိုင်း(၁၅)

867 36 0
                                    

တိမ်တွေနေတဲ့ အရပ်ဆီ......

အောက်ထပ်မှအသံများတိတ်နေတာကြောင့် ခေတ်တို့မရှိလောက်တော့ဘူးအထင်နှင့် တစ်ခုခုစားရန်ဆင်းလာခဲ့သည်။
ရေခဲသေတ္တာထဲတွင်သူတို့စားထားတာများတွေ့သည် ဒါပေမယ့်မစားချင်တာကြောင့်ခေါက်ဆွဲခြောက်တစ်ထုပ်ယူပြီးပြုတ်စားလိုက်သည်။အိမ်မှာတစ်ယောက်ထဲလဲကောင်းပါတယ် လေကုန်သက်သာတာပေါ့။မဟုတ်ရင်စကားများနေရတာပင်ပန်းတယ်။ခေါက်ဆွဲပြုတ်ပန်းကန်လေးကိုဧည့်ခန်းထဲယူလာပြီးခုံပေါ်တင်ထားလိုက်သည်။ဇွန်းကျန်ခဲ့တာမို့ တိမ်တိုက်ပြန်သွားယူလိုက်သည်။

ပန်းသစ်ပြန်သွားတာကြောင့် ရေချိုးပြီးဧည့်ခန်းထဲထွက်လာသောခေတ်။ဟင်.....။ခေါက်ဆွဲပန်းကန်ကိုခေတ်တွေ့လိုက်သည်။အငွေ့တလောင်းလောင်းနှင့်စားချင်စရာပင်။ခေတ် ခေါက်ဆွဲပန်းကန်နားလာထိုင်ကာ လူအရိပ်ခြေကြည့်လိုက်သည်။တိမ်တိုက် လုပ်ထားတာပဲဖြစ်ရမယ်။ခနကြာတော့မီးဖိုထဲမှဇွန်းယူကာထွက်လာသောတိမ်တိုက်။ခေါက်ဆွဲပန်းကန်နားတွင်ခေတ်ကိုတွေ့လိုက်တာကြောင့် ထွက်သွားမည်လုပ်သော်လည်း ဗိုက်ကဆာနေတာကြောင့် ခေတ်ဘေးတွင်ဝင်ထိုင်လိုက်သည်။

"ဒါမင်းလုပ်ထားတာလား"

"..........."

ဘာမှပြန်မဖြေသောတိမ်တိုက်ကိုခေတ်အကဲခတ်မိသည်။တိမ်တိုက်က စိတ်ဆိုးနေတာပဲ။

"ရွတ်..."

ဘေးတွင်ခေါက်ဆွဲပြုတ်စားနေသော တိမ်တိုက်ပုံစံကအသဲယားစရာပင်။ထိုပုံစံကိုမနေနိုင်သောခေတ်က ။

"ငါ့လည်းကျွေး စားချင်လို့"

"ဟာမရပါဘူး မင်းစားချင်ရင်ကိုယ့်ဘာသာသွားပြုတ်စား"

"ဟင့်အင်း ငါဒါပဲစားချင်တာ လုပ်ပါ...ပေးပေး"

အတင်းဆွဲလုနေသောခေတ်ကြောင့် တိမ်တိုက်စိတ်မရှည်တော့ပေ။"

"ကိုယ့်ဘာသာသွားပြုတ်စားပါဆိုကွာ"

တိမ်တိုက်နောက်ကျသွားလေပြီ။ခေါက်ဆွဲပြုတ်ပန်းကန်က ခေတ်လက်ထဲရောက်နှင့်နေလေပြီပင်။

"ဟာ ပေးတော့ကွာကုန်တော့မယ်"

ခေတ်ကအဆက်မပြတ်စားနေသောကြောင့် တိမ်တိုက် ခေတ်လက်ထဲမှခေါက်ဆွဲပန်းကန်ကိုပြန်လုလိုက်သည်။

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now