အပိုင်း(၁၃)

821 42 1
                                    

တိမ်တွေနေတဲ့ အရပ်ဆီ.......

တိမ်တိုက် ခေတ်လက်မှအတင်းရုန်းထွက်လာခဲ့သည်။ဗလောင်ဆူနေတဲ့ တိမ်တိုက်ရဲ့ရင်ခုန်သံတွေကိုခေတ်များကြားသွား‌ေလမလား။ခေတ်နဲ့ ထိတွေ့လိုက်တိုင်းမှာ အမည်မသိတဲ့ခံစားမှုတစ်ခုကတိမ်တိုက်၏ရင်တွင်းမှာ အမြဲနေရာယူထားလေသည်။ဘာပဲဖြစ်ဖြစ်ပါ ငါ့ရဲ့နှလုံးကိုပထမဆုံးလှုပ်ခတ်အောင်လုပ်နိုင်တာကတော့ မင်းပဲခေတ်။

ခေတ်ဒီနေ့ဆေးခန်းမသွားပါ။အားတဲ့နေ့တစ်နေ့ပင်။ခြံထဲရှိပန်းပင်တိုင်းကိုရေလောင်းပေါင်းသင်နေလေသည်။

"တီ......"

ကျယ်လောင်လှတဲ့ ကားသံကြောင့်ခေတ်ရေပိုက်ကိုချကာ ကြည့်လိုက်သည်။ပန်းသစ်လွှာပင်။ဒီနေ့ခေတ်အားမှန်းသိလို့ တမင်လာခြင်း။

"အကိုခေတ် ဘာတွေလုပ်နေတာလဲ"

"အော်ဒီမှာလေ ခြံထဲကပန်းတွေရေလောင်းပေးနေတာ ပန်းသစ်ကအိမ်လာလည်တာလား"

"မဟုတ်ဘူး shoppingထွက်မလို့ အကိုခတ်ကိုလာခေါ်တာ"

"ဟုတ်လား ကိုယ်လည်းဝယ်စရာတွရှိတာနဲ့အတော်ပဲ လာလေပန်းသစ် အိမ်ထဲဝင်"

"ဟုတ်"

"ပန်းသစ် ဒီမှာခနထိုင်နော်ကိုယ်သောက်ဖို့တစ်ခုခုယူပေးမယ်"

"ရပါတယ် ပန်းသစ်မသောက်တော့ပါဘူး"

"မဟုတ်တာ ကိုယ်ကအိမ်ရှင်ဆိုတော့ ဧည့်ဝတ်ကျေရမှာပေါ့"

"ဟီး ဟုတ်ပါပြီရှင့်"

ခေတ်မီးဖိုထဲဝင်သွားပြီး ပန်းသစ်လွှာအတွက် သောက်စရာသွားလုပ်နေတုန်း စပ်စုတတ်တဲ့ပန်းသစ်က အိမ်အနှံ့လိုက်ကြည့်တော့သည်။ပထမဆုံးရောက်သွားတာကတော့ခေတ်အခန်းပင်။

"အမယ် အကိုခေတ်အခန်းကသပ်သပ်ရပ်ရပ်လေး ရှိသားပဲ"

ပန်းသစ်အခန်းထဲလျှောက်ကြည့်သည်။

"ဟင် ဒါလေးကဘာပါလိမ့် မှန်းစမ်း"

မှန်ဘောင်လးနဲ့အထဲတွင်ကော်ရည်လောင်းထားသောအသက်မဲ့နေတဲ့ လိပ်ပြာလေးတစ်ကောင်ပင်။ထိုအရာကိုတွေ့လိုက်တာကြောင့် ပန်းသစ်ထိပ်လန့်သွားခဲ့သည်။

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now